China (HongKong)

COVID-19 ကြောင့် ခရီးသည် (၉၁) ရာခိုင်နှုန်း လျော့ကျသွားခြင်းနှင့် ဟောင်ကောင် ဒေသ၏ လေကြောင်းကဏ္ဍအား (၄၆) ရာခိုင်နှုန်း လျော့ကျစေကာ အဆိုးရွားဆုံး ထိခိုက်နိုင်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၆) ဘီလီယံ ဆုံးရှုံးနိုင်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် ခရီးသွားလာမှုများအပေါ် ရိုက်ခတ်မှုများရှိနေရာ အာရှဒေသတွင် ဟောင်ကောင်လေကြောင်းလိုင်းမှာအဆိုးရွားဆုံး ရိုက်ခတ်နိုင်ပြီး ခရီးသည် (၂၃.၆) မီလီယံလျော့ကျပြီး အလုပ်အကိုင် (၁၄၆,၀၀၀) အတွက် ထိခိုက်နိုင်ပြီး အရေးပေါ်ဘဏ္ဍာငွေထောက်ပံ့ပေးရန် လိုအပ်လျှက်ရှိကြောင်း၊ လေကြောင်းကဏ္ဍဝင်ငွေ (၄၆) ရာခိုင်နှုန်း လျော့ကျစေကာ အဆိုးရွားဆုံး ထိခိုက်နိုင်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၆) ဘီလီယံခန့် ဆုံးရှုံးနိုင်သည်ဟု အပြည်ပြည် ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း (International Air Transport Association-IATA) မှ ပြောကြားခဲ့ကြောင်း၊ ဟောင်ကောင်ဒေသတွင် အခြေချနေထိုင်သည့်သူမဟုတ်သည့် ခရီးသွားများနှင့် ဟောင်ကောင်ဒေသကို တစ်ဆင့်ဖြတ်သန်းသွားသည့် ခရီးသွားများလာရောက်မှုအား ကန့်သတ်တားမြစ်လိုက်သောကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍကိုလည်း ထိခိုက်မှုရှိကြောင်း၊ လေကြောင်းလိုင်းအများဆုံး ပြေးဆွဲရသည့် ဈေးကွက်ရှိသည့် တရုတ်ပြည်မကြီးတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ်အစောပိုင်းတွင် လေကြောင်း ခရီးစဉ်များပယ်ဖျက်လိုက်ရသောကြောင့်(၃၇) ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ ဩစတြေးလျ နိုင်ငံတွင် (၃၉) ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် (၃၇) ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံတွင် (၃၈) ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် (၄၀) ရာခိုင်နှုန်း အသီးသီးလျော့ကျနိုင်ကြောင်း၊ လေကြောင်းလိုင်းကဏ္ဍတွင် တရုတ်ပြည်မကြီး၌ အလုပ်အကိုင် (၂၅) မီလီယံနှင့် ဟောင်ကောင် ဒေသတွင် အလုပ်အကိုင် (၁၄၆,၀၀၀)  ခန့်အတွက် ထိခိုက်မှုရှိနိုင်ကြောင်း၊ အစိုးရအနေဖြင့် လေကြောင်းကဏ္ဍကောင်းမွန်စေရန် လေကြောင်းကုန်တင်ပို့မှု (air cargo) လုပ်ငန်း ဆောင်ရွက်မှုအား ပိုမိုတိုးတက်အောင် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ လေကြောင်းကဏ္ဍအတွက် ဟောင်ကောင်ဒေါ်လာ (၂.၆) ဘီလီယံ ပံ့ပိုးပေးခဲ့သော်လည်း ရရှိသည့် ပမာဏမှာ နည်းပါးသည်ဟု လေကြောင်းလိုင်းမှ ပြောကြားခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ ခရီးသွား အရေအတွက်မှာ (၉၁) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ကာလတူက ခရီးသွား (၆.၃၉) မီလီယံ ရှိခဲ့ကြောင်း၊ လေယာဉ်များ ဆိပ်ရောက်မှုမှာ သုံးပုံနှစ်ပုံ လျော့ကျသွားကြောင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ဝယ်လိုအားမြင့်တက်မှုနှင့်် တရုတ်နိုင်ငံမှ ထုတ်လုပ်မှုများ ပြန်လည်လုပ်ကိုင်လာသောကြောင့်  လေကြောင်းဖြင့် ကုန်စည်သယ်ယူမှုမှာ တန်ဖိုး (၁၁.၂) ရာခိုင်နှုန်းသာ ကျဆင်းခဲ့ကြောင်း၊ လေကြောင်းကုန်စည် သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းလာစေရန် ခရီးသည်တင် လေယာဉ်များအား ကုန်ပစ္စည်းများ သယ်ယူရန် အသုံးပြုသင့်ကြောင်း  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Danny Lee က “Coronavirus: Hong Kong’s aviation sector projected by IATA to be Asia’s worth hit, with 46 percent collapse in demand and USD 6 billion revenue loss and Hong Kong’s airport passenger volume nosedives 91 percent, approaching 2003’s all time low during Sars ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)