China (HongKong)

COVID-19 ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်းနှင့် ကုန်သွယ်မှုများ နှေးကွေးမှုများ ကြောင့် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း ပြန်လည်ကောင်းမွန်လာရန် တစ်နှစ်ခန့် ကြာမြင့်နိုင်ခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်ရှိနိုင်ငံများအကြား ကုန်သွယ်မှုများ (၃.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သို့သော် ဒုတိယလေးလပတ်၏ အခြေအနေမှာ COVID-19 အားထိန်းချုပ်နိုင်မှု အခြေအနေ‌ပေါ် မူတည်ကြောင်း၊ COVID-19 ကြောင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်  ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုများအား လျော့နည်းစေကြောင်း၊ တရုတ်နိုင်ငံအတွင်း အခြေခံအဆောက်အအုံများ ဆောက်လုပ်မှုများ အပေါ် ကြီးမားသည့် သက်ရောက်မှုများ မရှိနိုင်ကြောင်း၊ ပေကျင်းမှ ထုတ်ပြန်သော စာရင်းများအရ တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ် မှုမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်တွင် (၆.၄) ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ကြောင်း၊ အမေရိကန်၊ ဥရောပ၊ ဂျပန်နိုင်ငံတို့နှင့် ကုန်သွယ်မှုမှာ (၁၈.၃)၊ (၁၀.၄) နှင့် (၈.၁) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအကြား ကုန်သွယ်မှု မှာ (၃.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း တစ်လျှောက်ရှိ တောင်အမေရိက၊ ဥ‌ရောပ၊ အာရှ၊ အာဖရိကဒေသတို့၌ရှိသည့် နိုင်ငံပေါင်း (၅၆) နိုင်ငံနှင့် ကုန်သွယ်မှုမှာ တစ်နှစ်စာ ကုန်သွယ်မှု စုစုပေါင်း၏ (၃၀) ရာခိုင်နှုန်းရှိကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများနှင့်ကုန်သွယ်မှုမှာ ပထမလေးလပတ်တွင် တိုးတက်မှု ရှိခဲ့သော်လည်း ယခုနှစ်အတွက် (၂) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာ (၁၃) ရာခိုင်နှုန်းမှ (၂၃) ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ခန့်မှန်းထားကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာလည်း (၃၀) ရာခိုင်နှုန်းလျော့ကျနိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအတွက် ကောင်းမွန်မှုမရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှုများ နှောင့်နှေးကြန့်ကြာမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်မှု အပါအဝင် အခြေခံအဆောက်အအုံများ တည်ဆောက်မှု ရပ်နားထားရမည် ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံတွင်လည်း အခြေခံအဆောက်အအုံ တည်ဆောက်မှုများ နှောင့်နှေးကြန့်ကြာ နေမည်ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်နိုင်ငံတို့၌ ဘဏ်လုပ်ငန်းမှအပ အခြားသောလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် တရုတ် ကုမ္ပဏီများ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ်တွင် (၃.၈) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ COVID-19 ကြောင့် တရုတ်လူမျိုးရင်းနှီးမြှုပ်နှံသူများတွင် အခက်အခဲများရှိနေကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်တွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းမည်ဖြစ် ကြောင်း၊ ရင်းနှီးမြုပ်နှံသူများအနေဖြင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာမည် ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံ၏ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုများမှာ လျော့နည်းမည် ဖြစ်သော်လည်း နိုင်ငံခြားစီးပွားဆက်သွယ်မှုများ ဆောင်ရွက်နိုင်ရန် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအား ဆက်လက်ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Keegan Elmer က “Coronavirus: China’s belt and road plan may take a year to recover from slower trade, falling investment ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)