China(Nanning)

COVID-19 ရောဂါဖြစ်ပွားကြောင်း အတည်ပြုလူနာ(၆၁)ဉီးတွေ့ရှိခဲ့သည့် တရုတ်ပြည်မကြီး

Last Updated:

တရုတ်ပြည်မကြီး၌ ဇူလိုင်လ (၂၆) ရက်နေ့တွင် ပြည်ပမှ ရောဂါသယ်ဆောင်လာသူ (၄) ဉီးအပါအဝင် COVID-19 ရောဂါဖြစ်ပွား နေကြောင်း အတည်ပြုထားသည့် လူနာအသစ် (၆၁) ဉီးရှိကြောင်း တရုတ် ကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရပါသည်။ ပြည်တွင်း၌ ကူးစက်ခံရသူ (၅၇) ဉီး၏ လေးပုံတစ်ပုံမှာ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဖြစ်ပြီး၊ (၁၄) ဉီးမှာ လျှိုနင်းပြည်နယ်မှဖြစ်ကာ၊ (၂) ဉီးမှ ကျိလင်ပြည်နယ်မှဖြစ်ပါသည်။

ဇူလိုင်လ (၂၆) ရက်နေ့တွင် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပြည်ပမှပြန်လာသူ (၂) ဉီးတွင် ရောဂါပိုးတွေ့ရှိခဲ့ ပြီး၊ ဖူကျန်းနှင့် စီချွမ်းပြည်နယ်များတွင် ပြည်ပမှ ပြန်လာသူတစ်ဉီးစီ၌ ရောဂါတွေ့ရှိခဲ့ပါသည်။  ၎င်း (၄) ဉီးအပါအဝင် ဇူလိုင်လ (၂၆) ရက်နေ့အထိ ပြည်ပမှရောက်ရှိလာသူ (၂,၀၄၉) ဉီးတွင် ရောဂါများတွေ့ရှိထားကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ဇူလိုင်လ (၂၇) ရက်နေ့၌ ထုတ်ပြန်ကြေငြာထားပါသည်။

ပြည်ပမှပြန်လာပြီး ရောဂါဖြစ်ပွားသူများအနက် လူနာ (၈၀) ဉီးမှာ ဆေးရုံတင်ထားရဆဲဖြစ်ကာ၊ ၎င်းတို့အနက် လူနာ (၂) ဉီး၏ အခြေအနေမှာ စိုးရိမ်ဆဲဖြစ်ကြောင်းနှင့် ပြည်ပမှရောဂါ သယ်ဆောင်လာမှု များကြောင့် သေဆုံးမှုမရှိသေးကြောင်း သိရပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၂၇-၇-၂၀၂၀)

Category: China(Nanning)