China(Nanning)

COVID-19မဖြစ်ပွားမီ အခြေအနေသို့ ပြန်ရောက်လုနီးပါးဖြစ်လာသည့် တရုတ် စားသောက်ကုန်လုပ်ငန်း

Last Updated:

တရုတ်နိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းမှှာ ယခုနှစ် ပထမ (၆) လအတွင်း COVID-19 မဖြစ်ပွားမီအခြေအနေ၏ (၇၀) မှ (၈၀) ရာခိုင်နှုန်းကြား ပြန်လည်နာလန်ထူလာကြောင်း ဇူလိုင်လ (၂၇) ရက်နေ့ တွင် Sina Finance မှ အစီရင်ခံချက်အရ သိရပါသည်။

  ပထမ (၆) လအတွင်း ကျဆင်းနေမှုအခြေအနေမှ တဖြည်းဖြည်းပြန်လည်ဉီးမော့၍ နာလန်ထူလာကာ  ယွမ်ငွေ (၁.၄၆) ထရီလီ ယံ (အမေရိကန်ဒေါ်လာ ၂၁၀ ဘီလီယံ) ရှိခဲ့ကြောင်း စားသောက်ကုန် ကဏ္ဍ၌ လုပ်ငန်းများပြန်လည်စတင်ခြင်း အစီရင်ခံစာအရ သိရပါသည်။

ဤသို့ တဖြည်းဖြည်း ပြန်လည်နာလန်ထူလာသော်လည်း တရုတ်နိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းတွင် မူဝါဒအကန့်အသတ်များ၊ ငှားခသက်ရောက်မှုများ၊ ကော်မရှင်ကြေးကြီးမြင့်မှုများနှင့် ရန်ပုံငွေ လိုအပ်ချက်များအပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း တရုတ်ဟင်းလျာအသင်း၏ အစီရင်ခံစာအရ သိရပါသည်။

လျှော့ချပေးခြင်းနှင့် ကင်းလွတ်ခွင့်ပေးခြင်းမူဝါဒများ၏ လွှမ်းခြုံမှုအားတိုးပေးရန်၊ တန်ဖိုးဖြည့်အခွန်လျှော့ချခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းမူဝါဒအား တွဲလျက် အကောင်အထည်ဖော်ပေးရန်နှင့် အစား အသောက်ကုမ္ပဏီများအား အထူးချေးငွေ ပံ့ပိုးကူညီပေးရန်တို့အား အသင်းကအဆိုပြုထားပါသည်။

တစ်ချိန်တည်းမှာပင် ငှားထားသူများသို့ ဘဏ္ဍာရေးအထောက်အပံ့များ၏ ရာခိုင်နှုန်းအချို့ကိုလည်း ပံ့ပိုးပေးရန်နှင့် တိုက်ရိုက် ငှားခထောက်ပံ့ပေးမှုများမှတဆင့် စားသောက်ကုန်ကုမ္ပဏီများ၏ ငှားရမ်းခ ဝန်ထုပ်ဝန်ပိုးများကို တိုက်ရိုက်လျှော့ချရန် ထောက်ခံ အကြံပြုထားပါသည်။

ထို့ပြင် ဖြန့်ဖြူးရေး platformများမှယူသော ကော်မရှင်နှုန်းများအား လျှော့ချပေးရန်၊ ကော်မရှင်ကြေးမှ ဖြန့်ဖြူးရေးကြေးကို သီးခြားခွဲထုတ်ပေးရန်နှင့် လုပ်သာကိုင်သာရှိသော အလုပ်အကိုင်ခန့်ထားရေး နည်းလမ်းများချမှတ်ရေး ကုမ္ပဏီများကို အားပေးရန် တို့ကိုလည်း အကြံပြုထားပါသည်။

ထိုမျှမက အစားအသောက်လုပ်ငန်းရှိ ပုဂ္ဂလိကကုမ္ပဏီများဖွံ့ဖြိုးရေးအား  အစဉ်မပြတ်အားပေးမြှင့်တင်ဆောင်ရွက်သင့်ပြီး၊ အစား အစာလုပ်ငန်းဖွံ့ဖြိုးမှုအား ပံ့ပိုးရေးနှင့် စားသုံးမှုယုံကြည်မှုမြှင့်တင်ရေး စီမံဆောင်ရွက်မှုများကိုလည်း မိတ်ဆက်သွားသင့်ပါသည်။

ကပ်ရောဂါကာလအတွင်း စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါက တရုတ်နိုင်ငံ၏ အစားအသောက်လုပ်ငန်းကဏ္ဍမှာ ပိုမိုကျစ်လျစ်လာကာ ၎င်း၏တည်ဆောက်မှုပုံစံမှာ ပိုမို၍ ကျိုးကြောင်းဆီလျော်မှုရှိလာ နိုင်မည်ဖြစ်ကြောင်း တရုတ်ဟင်းလျာအသင်းမှ ဉက္ကဌ Jiang Junxian က မှတ်ချက်ပြုပြောကြားပါသည်။

အရင်းအနှီးဈေးကွက်နှင့်နီးကပ်သည့် ပေါင်းစည်းမှု၏ အရေးကြီးပုံ၊ ၎င်းတို့ ကိုယ်တိုင်အားကောင်းခိုင်မာစေရန် အရင်းအနှီးဈေး ကွက်၏ စွမ်းအားကိုအသုံးပြုရေး လေ့လာရန်နှင့် စွန့်စားဆုံးရှုံးနိုင်ခြေများ ကို ကြံ့ကြံ့ခံနိုင်ရန် စွမ်းရည်များတိုးတက်လာစေရန် တို့ကို လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးက ပိုမိုနက်နက်နဲနဲ သတိပြုလာကြကြောင်း Jiang ကပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Chinadaily (၂၇-၇-၂၀၂၀)

Category: China(Nanning)