China (HongKong)

Cathay လေကြောင်းလိုင်းမှ လေယာဉ်မှူးအချို့အား အလုပ်မှရပ်နားရန်ရှိနေခြင်း

Last Updated:

Cathay Pacific Group သည် COVID-19 ဖြစ်ပွားမှုကြောင့်  လေယာဉ်မှူးများအနေဖြင့် အလုပ်လက်မဲ့များဖြစ်နိုင်ကြောင်း လွန်ခဲ့သော (၂) ပတ်က ပြုလုပ်ခဲ့သည့် လုပ်ငန်း၏ ငွေကြေးလည်ပတ်မှုအခြေအနေနှင့်ဆက်စပ်သည့် ဆွေးနွေးပွဲတွင် ပြောကြား ခဲ့ကြောင်း၊ Cathay လေကြောင်းလိုင်းသည် ဟောင်ကောင်လေယာဉ် ဝန်ထမ်းအရာရှိများအသင်း (Hong Kong Aircrew Officer Association –HKAOA) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ရာ ဆွေနွေးပွဲတွင် စိန်ခေါ်မှုများလည်း ရှိနိုင်ကြောင်း၊ Cathay လေကြောင်းလိုင်းမှ ယခင်ကပြုလုပ်ခဲ့မှုများတွင် ဝန်ထမ်းများ၊ လေယာဉ်များနှင့် လေကြောင်းလိုင်းများ၏ ဖွဲ့စည်းပုံကိုပြင်ဆင်ရာတွင် ပူး ပေါင်းလုပ်ဆောင်ခိုင်းမှုများရှိခဲ့ကြောင်း၊ Cathay လေကြောင်းလိုင်း၏ ၂၀၁၉ ခုနှစ် နှစ်စဉ်အစီရင်ခံစာတွင် ဝန်ထမ်း (၃၄,၂၀၀) ဦး‌ကျော်၊ လေယာဉ်စီးရေ (၂၃၆) စီး နှင့် နိုင်ငံပေါင်း (၃၅) နိုင်ငံတွင် ပျံသန်းပြေးဆွဲသည့်လေဆိပ် (၁၁၉) ခုရှိသည်ဟုဖော်ပြထားကြောင်း၊ ၁၉၉၈ ခုနှစ်၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင်လည်း ဝန်ထမ်းအချို့ အား အလုပ်မှရပ်နားခဲ့ရကြောင်း၊ အလုပ်နေရာ (၇၆၀) နေရာအတွက် ၁၉၉၈ ခုနှစ်၊ SARs ရောဂါဖြစ်ပွားသည့် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၈-၂၀၀၉ ငွေကြေး အကြပ် အတည်းတို့တွင်လည်း ဝန်ထမ်းများအား အဖွဲ့များပူးပေါင်းဆောင်ရွက်စေနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် အမေရိကန်နှင့် ကနေဒါအခြေစိုက်ရုံးများမှ ဝန်ထမ်းများ (၅၆၆) ဦးအား လုပ်ငန်းမှရပ်နားမည်ဟု လေကြောင်းလိုင်းက မကြာခင်က အတည်ပြုပြောကြားခဲ့ကြောင်း၊ အဖွဲ့များ အတူတကွရှိနေရန် ကြာရှည်စွာထိန်းထားနိုင်ခြင်းမရှိ‌ တော့ကြောင်း၊ COVID-19 ၏ရိုက်ခတ်မှုများအား ပြင်းထန်စွာခံစားရသည့် လေကြောင်းလိုင်းများတွင် Cathay လေကြောင်းလိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လေကြောင်းခရီးသွားလာမှုများမှာ အားလုံးပြိုလဲလုနီးပါးဖြစ်ကြောင်း၊ လေကြောင်းလိုင်းများမှာ ကမ္ဘာလုံးဆိုင်ရာတွင် ပြင်းထန်စွာထိခိုက်လျက်ရှိပြီး ပိတ်သိမ်းရမည့် အနေအထားဖြစ်နေကြောင်း၊ Cathay လေကြောင်းလိုင်းတွင် ဝန်ထမ်းများအား လစာမဲ့ခွင့်ရက်သတ္တပတ် (၃) ပတ်ယူခိုင်းထားကြောင်း၊ လေယာဉ်မှူး (၅၀၀) ဦးမှာ ၂၀၁၈ ခုနှစ်ကစတင်ခဲ့သည့် လစာနှုန်းနည်းသည့် စာချုပ်အတိုင်းလိုက်နာ လက်မှတ်ရေးထိုး ရမည်ဖြစ်ကြောင်း၊ အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်လေယာဉ်မှူး (ကပ္ပတိန်) များကိုလည်း အသက် (၅၅) နှစ်တွင် ပင်စင်ယူခိုင်းခြင်းမပြုဘဲ ဆက်လက်လုပ်ကိုင်စေမည်ဖြစ်ကြောင်း၊ လေယာဉ်မှူးများ၏လစာမှာ တစ်လလျှင် လေယာဉ်ပျံသန်းသည့် စုစုပေါင်းနာရီအပေါ်တွင် တွက်ချက်၍ လစာပေးချေခြင်းဖြစ်ကြောင်း၊ အခြေခံလစာပေးချေမှုတွင် အကြီးတန်းအရာရှိများမှာ (၅) ပုံ (၂) ပုံ လျော့သွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အရာရှိများမှာ လစာ၏ (၂၃) ရာခိုင်နှုန်း လျော့နည်းရမည်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ စာချုပ်ဖြင့် လစာရရှိသူများ၏ လစာ မှာ လျော့နည်းမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်က လေကြောင်းလိုင်းဝန်ထမ်းများ၏ ကုန်ကျစရိတ်မှာ ဟောင်ကောင်‌ဒေါ်လာ (၁၇.၆) ဘီလီယံရှိခဲ့ပြီး စုစုပေါင်း လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်၏ (၁၇) ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ Cathay လေကြောင်းလိုင်းသည် COVID-19 ဖြစ်ပွားမှုမတိုင်ခင်ကတည်းက ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်မှန်းထားကြောင်း၊ ယခုအခါ COVID-19 ဖြစ်ပွားမှုကြောင့် ဝန်ထမ်းများ၏ လုပ်ဆောင်မှုများ မြင့်တက်လာရန် ပိုမိုအရှိန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းအများစုမှာ ဝန်ထမ်းအင်အားကို လျော့ချသွားမည်ဖြစ်ပြီး ကျန်ရှိသည့်ဝန်ထမ်းများကို အရည်အသွေးများ တိုးတက်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာသေး ခင်နှစ်များက လုပ်ငန်းများချဲ့ထွင်နိုင်ရန်နှင့် ဝန်ထမ်းများ ပိုမိုခန့်ထားနိုင်ရန်သာ အလေးပေးဆောင် ရွက်ခဲ့ရာ လုပ်ငန်းခွင်တစ်ခုလုံးရှိ ဝန်ထမ်းများ၏ စွမ်း‌ဆောင်ရည်တိုးတက်မှုမှာ သိသာစွာတိုးတက်မှုမတွေ့ရှိခဲ့ရကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Source: South China Morning Post (12-5-2020) 

 

Category: China (HongKong)