Korea

Coronavirus ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကာလအလွန်တွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကုစားမှုအစီအစဉ်များ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် လက်ရှိဖြစ်ပွားဆဲဖြစ်သော Coronavirus ကမ္ဘာ့ကပ်ရောဂါကြောင့်ထိခိုက်ရသော နိုင်ငံ၏စီးပွားရေးကဏ္ဍအား နာလန်ထူနိုင်စေရေး အစိုးရ၏ စွမ်းဆောင်ကုစားမှုအစီအမံများအဖြစ် အစိုးရဌာနများတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း အနည်းဆုံး (၅၅၀,၀၀၀) ခန့်ကို အလျင်အမြန် ဖန်တီးပေးသွားနိုင်ရေး ကိုရီးယားဝမ် (၃.၅) ထရီလီယံ (အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံ)ကို ထပ်တိုးရန်ပုံငွေအဖြစ် ခွင့်ပြုပေးသွားမည်ဟု (၂၀−၅−၂၀၂၀) ရက်နေ့တွင် ကတိပြုခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းတွင် အမျိုးသားလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်များကို ဇွန်လအတွင်းတွင်ပင် အကောင်အထည်ဖော်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် နိုင်ငံ၏စီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လမ်းပြမြေပုံ (Road Map) ကို ဗဟိုပြုလျက် မူဝါဒဆိုင်ရာမဏ္ဍိုင် (၄) ရပ်ဖြစ်သော လူငယ်လူရွယ်များအတွက် ပြည်သူပိုင် အစိုးရကဏ္ဍများတွင် ဝန်ထမ်းအလုပ်အကိုင်အ ခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် လှုပ်ရှားမှုများကို ပြန်လည်အားဖြည့်ခြင်း၊ အဓိကစက်မှုလုပ်ငန်းကဏ္ဍများအတွက် ထောက်ပံ့မှု ရန်ပုံငွေပံ့ပိုးမှုအစီအစဉ်များနှင့် Special Purpose Vehicle (SPV) ထူထောင်၍ Low-Credit Corporate Bond များ ဝယ်ယူပေးမည့်အစီအစဉ် စသည့်တို့ကို ဆောင်ရွက်ရန်အကြံပြုခဲ့ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် လူချင်းထိတွေ့ရန် မလိုအပ်သည့်ကဏ္ဍများတွင် Digital Data Management & Content Creation ရာထူးများအတွက် (၆၄,၀၀၀) နေရာနှင့် COVID-19 အလွန်ကာလအုပ်ချုပ်မှုရေးရာလုပ်ငန်းရာထူးများအတွက် (၃၆,၀၀၀) နေရာ၊ စုစုပေါင်း အလုပ်အကိုင်ရာထူးနေရာ (၁၀၀,၀၀၀) နေရာနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဆိုင်ရာများအတွက် အလုပ်အကိုင် (၃၀၀,၀၀၀) နေရာခန့် ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea