China (HongKong)

E-Commerce လုပ်ငန်းများ၏ ရိုက်ခတ်မှုများကြောင့် အာရှဒေသရှိ ပြည်ပစီးပွားရေး လုပ်ငန်းများ ပြန်လည်ထွက်ခွာနေခြင်း

Last Updated:

တရုတ်ပြည်မကြီးနှင့်အာရှဒေသ၌ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်လျှက်ရှိသည့် ပြည်ပစီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းစားသုံးသူများ၏ ကြိုက်နှစ်သက်မှုကို လိုက်ပါ ဆောင်ရွက်နိုင်မှုမရှိခြင်း၊  ဒေသခံလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွကနိုင်မှုမရှိခြင်းနှင့် တရုတ်နိုင်ငံနှင့် အာရှ ဒေသ၌ e-commerce ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက် လာမှုအား ယှဉ်ပြိုင်နိုင်စွမ်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် ရပ်တည်နိုင်အောင်ဆောင်ရွက်ရန် ခက်ခဲလျှက်ရှိကြောင်း၊၂ ၀၁၈ ခုနှစ်ကတည်းက တရုတ်ပြည်မကြီး၌ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လျှက်ရှိသည့် ကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် နိုင်ငံတကာ စူပါမားကတ်လုပ်ငန်းများဖြစ်သည့် ပြင်သစ်နိုင်ငံ၏ Carrefour ၊ ဂျာမန်နိုင်ငံ၏ Metro နှင့် စပိန်နိုင်ငံ၏ Dia တို့သည် ၎င်းတို့နှင့် အကျိုးတူစီးပွားဖက် တရုတ်လုပ်ငန်းရှင်များအား ရောင်းချမည်ဖြစ်ကြောင်း၊ ဗြိတန်နိုင်ငံ၏ လက်လီအရောင်းဆိုင် Marks and Spencer သည် ၂၀၁၆ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၌ လုပ်ငန်းရပ်ဆိုင်းခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ဟောင်ကောင်နှင့် မကာအိုရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများအား UAE  သို့ရောင်းချခဲ့ကြောင်း၊ ၉-၃-၂၀၂၀ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၏ လက်လီအရောင်းဆိုင်လုပ်ငန်းဖြစ်သည့် Tesco သည် ထိုင်းနှင့် မလေးရှားနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများအား CP Group သို့ရောင်းချရန် သဘောတူညီခဲ့ပြီး ဗြိတိန်နိုင်ငံ၏ စီပွားရေးလုပ်ငန်းများ အာရှဒေသမှ ပြန်လည် ထွက်ခွာမည့် နောက်ဆုံးစီးပွားရေးလုပ်ငန်းဖြစ်ကြောင်း၊ Tesco သည် ထိုင်းနိုင်ငံနှင့် မလေးရှာနိုင်ငံတို့၌ စတိုးဆိုင်ပေါင်း (၂,၀၀၀) ကျော် ပိုင်ဆိုင်ထားကြောင်း၊ ၁၉၉၇ - ၁၉၉၈ ခုနှစ်၊ ငွေကြေးအကြပ်အတည်း ဖြစ်စဉ် ကာလက CP Group ၏ Lotus Stores များအား ဝယ်ယူခဲ့ရာ ယခုအခါ CP Group မှ အဆိုပါ ဆိုင်များအား ပြန်လည်ဝယ်ယူလိုခြင်းဖြစ်ကြောင်း၊ Tesco ၏ ရောင်းချမှု မှာ ယခုနှစ်အတွင်း အာရှဒေသနှင့် ထိုင်းနိုင်ငံတို့၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံရှိ ၎င်း၏လုပ်ငန်းများ ရောင်းချခဲ့ပြီး တရုတ်နိုင်ငံ ၌လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလတွင် ရောင်းချခဲ့ ကြောင်း၊ ဒေသခံလက်လီရောင်းချသူများ မှာ ဒေသတစ်ဝန်းရှိ ဈေးကွက်နှင့် ဈေးဝယ်သူများ၏ ကြိုက်နှစ်သက်မှုများအပေါ် နားလည်မှုရှိသောကြောင့် လုပ်ငန်းများ တိုးတက်လာပြီး တိုးချဲ့ဆောင်ရွက်နိုင်ခြင်းကြောင့် လွန်ခဲ့သော (၅) နှစ်/ (၁၀) အတွင်း ဒေသတွင်းလုပ်ငန်းများမှာ လျှင်မြန်စွာတိုးတက်လာပြီး စတိုးဆိုင်များနှင့် လုပ်ငန်းပေါင်းများစွာအား တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကုန်ပစ္စည်းမျိုးစုံ လက်လီရောင်းချမှု၌ ကမ္ဘာ့အကြီးဆုံးဈေးကွက် ဖြစ်နိုင် သည်ဟုခန့်မှန်းထားကြောင်း၊ တရုတ်ပြည်မကြီးရှိ ကုန်ပစ္စည်းမျိုးစုံရောင်းချသည့် စတိုးဆိုင်များ၏ ရောင်းချရမှုမှာ ထိခိုက်မှုများ ပြင်းထန်လျှက်ရှိနေကြောင်း၊ Alibaba Group Holdings ၊ JD.com နှင့် Tencent Holdings အစရှိသည့် e-commerce လုပ်ငန်းများသည် လွန်ခဲ့သော  (၃) နှစ်/ (၄) နှစ်ခန့်မှ စတင်၍ ရှယ်ယာ (၄၀) ရာခိုင်နှုန်းအား တရုတ်ပြည်မကြီးပြင်ပ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သောကြောင့် ဒေသခံကုန်ပစ္စည်းစတိုးဆိုင်များ၏ လုပ်ငန်းလည်ပတ်မှုမှာ နှေးကွေးလာပါ ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်က စတင်၍ စားသုံးသူများ၏ အလေ့အထများတဖြည်းဖြည်း ပြောင်းလဲလာမှုကြောင့် ၂၀၁၉ ခုနှစ်တွင် အွန်လိုင်းမှ ကုန်ပစ္စည်းများ ရောင်းချရမှု ၁၉.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ Costco နှင့် Walmart တို့သည် ၎င်းတို့ဘာသာပြောင်းလဲဆောင်ရွက်မှုများ လုပ်ဆောင်သကဲ့သို့ ၎င်းတို့၏ ဒေသခံစီးပွားရေးမိတ်ဖက်များ တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခြင်းဖြင့် ပိုမို အောင်မြင်လာလျှက်ရှိကြောင်း ၁၃-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ Foreign Firms in Asia Pullback as e-commerce hits” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)