Thailand

EEC ဖွံ့ဖြိုးတိုးတက်မှုအတွက် ချွန်ဘူရီတွင် စက်မှုဇုန်မြေ ဖွံ့ဖြိုးတိုးတက်စေဖို့ IEAT နှင့် ACIP တို့ပူးပေါင်း

Last Updated:

ထိုင်းနိုင်ငံ၏ စက်မှုဇုန်မြေတည်ဆောက်ရေးအာဏာပိုင်အဖွဲ့ The Industrial Estate Authority of Thailand (IEAT) အနေဖြင့်အရှေ့ပိုင်းစီးပွားရေးစင်္ကြန် Eastern Economic Corridor (EEC) တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖြစ်ထွန်းပေါ်ပေါက်လာ စေရေးအတွက်  ချွန်းဘူရီတွင် စက်မှုဇုန်အသစ်တည်ထောင်ရန် Asia Clean Industrial Park (ACIP) ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ပါသည်။

၎င်းကို Asia Clean Chon Buri Industrial Estate ဟုခေါ်ပြီး Ban Bung ခရိုင်တွင်တည်ရှိ ကာ မြေဧရိယာအားဖြင့်ရိုင်(၁,၃၀၀)Rai ရှိပြီး တည်ဆောက်မှု ကုန်ကျငွေမှာ ဘတ်ငွေ (၃) ဘီလီယံဖြစ်ပါသည်။ အဆိုပါနေရာတွင် ပထမအဆင့်အား ၂၀၂၁ ခုနှစ် တွင်စတင်လည်ပတ်ရန် စီမံလျာထားပါသည်။ IEAT ၏ အုပ်ချုပ်ရေးမှူး Somchint Pilouk က မိတ်ဖက်များအနေဖြင့် စက်မှုဇုန်ကို အဆင့်နှစ်ဆင့်ဖြင့်တည်ဆောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ပထမအဆင့်တွင် ရိုင် (၃၀၆) Rai ပါဝင်ပြီး လမ်းများ၊ ရေလှောင်ကန်များ၊ ရေစီမံခန့်ခွဲမှု ၊ ပြန်လည်သန့်စင်မှုနှင့်လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများ စသည့်အခြေခံအဆောက်အအုံများ ပါဝင်ပါသည်။ ပထမအဆင့်ကို ၂၀၂၀ခုနှစ်တွင် စတင်တည်ဆောက်ရန်စီစဉ်ထားပါသည်။

ဒုတိယအဆင့်အား မြေ( ၉၉၄) ရိုင် (Rai) တွင် ဖွံ့ဖြိုးမှုလုပ်ငန်းများကို စတင်တည်ထောင်ရန်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် စီမံကိန်းသစ်များကို ဆောင်ရွက် ရန် ဖြစ်ပါသည်။ Ms. Somchint ကပြောကြားရာတွင် ဤစီမံကိန်းတွင် Eco-Industrial အယူ အဆ (Concept) ပါရှိကြောင်း၊ စက်မှုဇုန်အား အပေါ့စားစက်မှုလုပ်ငန်း (Light Industrial) များဖြင့်ဆောင်ရွက်မှာဖြစ်ကြောင်း၊ သို့ရာတွင် S -Curve မူဝါဒအောက်ရှိ ရည်မှန်းထားသော ပစ်မှတ် (Targeted) စက်မှု လုပ်ငန်း (၁၂) မျိုးကို အထူးအလေးပေးမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အဓိကပစ်မှတ်ထားသော စက်မှုလုပ်ငန်းများမှာ Smart Electronic ၊ လျှပ်စစ်အစိတ်အပိုင်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကရိယာများ၊ လျှပ်စစ်မော်တော်ကားများ၊ ဇီဝဓါတု ပစ္စည်းများ၊ ဒီဂျစ်တယ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များတို့ဖြစ်ပါသည်။

IEAT မှ Asia Clean ချွန်းဘူရီစက်မှုဇုန်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအားဖြင့် ဘတ် (၄၀) ဘီလီယံနှင့် အသစ်သောအလုပ်အကိုင်ပေါင်း (၈,၀၀၀) ကျော်ကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ၎င်းမှာထိုင်းနိုင်ငံ၏ (၆၁) ခုမြောက် စက်မှုဇုန်ဖြစ်ပါ သည်။ ၎င်းသည် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အသစ်များ ဖန်တီးရေးနှင့် ချွန်းဘူရီတွင် ဝင်ငွေဖြန့်ဝေပေးနိုင်လိမ့်မည်ဟု မြင့်မားစွာမျှော်လင့်ထားပါသည်။

အစိုးရအနေဖြင့် ရည်မှန်းထားသော စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် EEC ကိုမြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း၊ စီးပွားရေးစင်္ကြန်တွင် ချာချိုးဆောင်၊ ချွန်းဘူရီ၊ ရယောင် ပြည်နယ်များပါဝင်ပြီး ကုန်သွယ်မှုနှင့် တီထွင်ဆန်းသစ်မှုများအတွက် အဓိက ဗဟိုဖြစ် လာစေရန် ရည်ရွည်ထားခြင်းဖြစ်ပါသည်။

ACIP တွင် မှတ်ပုံတင်ထားသော အရင်းအနှီး ဘတ်ငေွ (၁.၈) ဘီလီယံရှိပြီး Songmetta ကော်ပိုရေးရှင်းက (၉၉%) ပိုင်ဆိုင်ပါသည်။ ACIP အနေဖြင့် ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစုကြီးဖြစ်သော Shaiyo Triple A Group ၏ တွဲဖက်ကုမ္ပဏီဖြစ်ပြီး စိုက်ပျိုးရေး၊ သန့်ရှင်းသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ စက်မှုမြေဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာနှင့်ဝယ်ယူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု စသည်တို့အား အဓိကလုပ်ဆောင်ပါသည်။

Triple A Group အနေဖြင့် အရည်အသွေးမြင့်မားသော သစ်ပါးလွှာများကို အများဆုံး ထုတ်လုပ်တင်ပို့သူဖြစ်ပါသည်။ ထို့အပြင် အဖွဲ့အနေဖြင့် အရှေ့တောင်အာရှ တွင် ဇီဝလောင်စာ၊ စည်ပင်သာယာ၏ စွန့်ပစ်ပစ္စည်းများဖြင့် စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းများကိုဆောင်ရွက်ပြီး အပြည့်အဝပေါင်းစည်းထားသော စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                                

Category: Thailand