Thailand

FTI အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး စီမံချက်အား ရေးဆွဲပြင်ဆင်ထားခြင်း

Last Updated:

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ် The Federation of Thai Industries (FTI)သည် အောက်ခြေအဆင့်စီးပွားရေးကိုမြှင့်တင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းစီးပွားရေးအစီအစဉ်များမှတစ်ဆင့် စက်မှုလုပ်ငန်းများ ပြန်လည်တည်ထောင်ရန်အတွက် ပြန်လည်ထူထောင်ရေးစီမံချက်(Recovery Plan)ကို ပြင်ဆင်ခဲ့ပါသည်။ အဆိုပါစီးပွားရေး ပြန်လည်ထူထောင်ရေး စီမံချက်အနေဖြင့် စီးပွားရေးလုပ်ငန်းများအား အစိုးရ၏မူဝါဒနှင့်အညီ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဉီးတည်သွားစေနိုင်ရေးအတွက် အကူအညီပေးရန် ရည်မှန်းထားခြင်း ဖြစ်ပါသည်။

FTI ၏ ဒုတိယဥက္ကဌ Kriangkrai Tiannukul က ပြန်လည်ထူထောင်ရေးစီမံချက်တွင် S-Curve အစီအစဉ်အရ ရည်မှန်းထားသော စက်မှုလုပ်ငန်းများ အပါအဝင် စက်မှုလုပ်ငန်းပေါင်း(၄၅)ခုမှ လုပ်ငန်းခွဲ (၁၁)မျိုးအပေါ် လွှမ်းခြုံထားကြောင်း ပြောကြားခဲ့ ပါသည်။ FTI အနေဖြင့် ထိုင်းနိုင်ငံထုတ်ပစ္စည်းများကို ထိုင်းနိုင်ငံတွင်ပြုလုပ်သည် “Made in Thailand” မှတစ်ဆင့် မြှင့်တင်လိုကြောင်း၊ အကြောင်းမှာ Covid-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံများစွာတို့အနေဖြင့် ၎င်းတို့၏ထောက်ပံ့ရေးကွင်းဆက်များကို ၎င်းတို့အပေါ်တွင်သာ မှီခိုစေရေးနှင့် သွင်းကုန်တင်သွင်းမှုလျှော့ချရေးကို ဉီးတည်ပြုလုပ်လာကြခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အေဂျင်စီအနေဖြင့် နိုင်ငံရပ်ခြားမှ တင်သွင်းမှုအပေါ်  မှီခိုနေရခြင်းကို လျှော့ချရန် စက်မှုထောက်ပံ့ရေးကွင်းဆက်များကို Upstream မှ Downstream အထိ  ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနဌာနများနှင့် ပညာရေးသင်တန်းကျောင်းများနှင့်  ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ Covid-19 ကပ်ရောဂါ ဖြစ်ပွားမှုသည် စက်မှုတော်လှန်ရေး Industry Revolution ကိုဖြစ်ပေါ်စေပြီး စီးပွားရေးလုပ်ငန်းများအားလုံးကို အပြောင်းအလဲများဖြစ်ပေါ်စေကြောင်း Mr. Kriangkrai ကပြောကြားခဲ့ပါသည်။ လုပ်ငန်းစု(၁၁)မျိုးတွင် အစားအစာနှင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ၊ မော်တော်ကား၊ သံမဏိနှင့်သံလုပ်ငန်း၊ ချည်ထည်နှင့် အဝတ်အထည်လုပ်ငန်း၊ ဆေးပစ္စည်းကရိယာနှင့် အီလက်ထရောနစ်ပစ္စည်းများတို့ ပါဝင်ကြပါသည်။

FTI က အစိုးရအနေဖြင့် ထိုင်းနိုင်ငံအား နည်းပညာနှင့် တီထွင်ဖန်တီးထုတ်လုပ်မှုတို့၏ အချက်အခြာဗဟိုဖြစ်လာစေရန် ဒီဇိုင်းရေးဆွဲခဲ့သော S-Curve အစီအစဉ်သည် စီးပွားရေး ပြန်လည်နာလန်ထူရေး အစီအစဉ်မှ ရန်ပုံငွေများ ထပ်မံရရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ S-Curve ၏အစီအစဉ်အရ ရည်မှန်းထားသော Target စက်မှုလုပ်ငန်း (၁၂) ခုမှာ မော်တော်ကား၊ စမတ်အီလက်ထရောနစ်၊ ချမ်းသာကြွယ်ဝသော ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ လယ်ယာနှင့် ဇီဝနည်းပညာ၊ အစားအစာ၊ စက်မှုလုပ်ငန်းသုံးစက်ရုပ်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်လေကြောင်း၊ ဇီဝလောင်စာ၊ ဇီဝဓါတု၊ ဒီဂျစ်တယ်နှင့် ဆေးဝါးဝန်ဆောင်မှု၊ ကာကွယ်ရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတို့ဖြစ်ပါသည်။

FTI အနေဖြင့် Covid-19 ကပ်ရောဂါပျံ့နှံ့မှုက ကမ္ဘာတစ်ဝှမ်းလုံး နေထိုင်မှုပုံစံများ ပြောင်းလဲလာစေမှုနှင့်5G ကွန်ယက်စတင်လာခြင်းတို့ကြောင့် ဒီဂျစ်တယ်၊ ဆေးပစ္စည်းကရိယာ၊ စက်ရုပ်များနှင့် အလို အလျှောက်စနစ်များအား ပထမဉီးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်ကာ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

 

Category: Thailand