Thailand

FTI အနေဖြင့်SMEs မဟာဗျူဟာအား ဝန်ကြီးအသစ် Predee သို့ အဆိုပြုတင်ပြမည်ဖြစ်

Last Updated:

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း Federation of Thai Industries (FTI) က ၎င်း၏စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ်ကို ဘဏ္ဍာရေးဝန်ကြီးအသစ် Predee Daochai သို့ တင်ပြအစီရင်ခံခြင်းဖြင့် အစိုးရအား SMEs များအတွက် အထူးသက်သာသောချေးငွေ Soft loan ထုတ်ချေးရန်နှင့် အိမ်၊ ခြံ၊ မြေကဏ္ဍ ဈေးကွက်အတွက်အားပေးလှုံ့ဆော်မည့် အစီအမံသစ်များအား စတင်အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရန် တိုက်တွန်းထားပါသည်။

FTI ဉက္ကဌ Supant Mongkolsuthree က အဖွဲ့အနေဖြင့် ၎င်းတို့၏ စီးပွားရေး ပြန်လည်ထူထောင်မည့်အစီအမံအား နောက်အပတ်တွင် Mr.Predee အား တင်ပြလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mr. Supant ၏ ပြောကြားချက်အရ FTI အနေဖြင့် အစိုးရအနေဖြင့် ထိုင်းချေးငွေ အာမခံကော်ပိုရေးရှင်းအား SMEs များအတွက် ဗဟိုဘဏ်၏ချေးငွေ အစီအစဉ်အရ လက်ရှိ(၂)နှစ် စီမံကိန်းမှနေ၍ နောက်ထပ်(၂)နှစ် ထပ်တိုးခွင့်ပြုပေးရန် တောင်းဆိုလိမ့်မည်ဖြစ် ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်အနေဖြင့် (၂)နှစ်ကာလအတွက် အထူးချေးငွေ Soft loan ဘတ်ငွေ(၅၀၀) ဘီလီယံကို အတိုးနှုန်း(၀.၀၁%)ဖြင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသို့ထုတ်ပေးခဲ့ပြီး SMEs များသို့ ချေးငွေအများဆုံးဘတ်(၅၀၀)သန်းအား အတိုးနှုန်း(၂%)ဖြင့် ပြန်လည်ထုတ်ချေးပေးနိုင်ရန် ဖြစ်ပါသည်။ အစိုးရအနေဖြင့် အထူးချေးငွေ Soft loan ရရှိသည့် SMEs များအတွက် (၆)လစာ အတိုးနှုန်းကို ကျခံပေးမည်ဖြစ်ပါသည်။

အဆိုပါချေးငွေအစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရင်ဆိုင်ကြုံတွေ့နေရသော SMEsများ ၏ ငွေကြေးဖြစ်လွယ်မှု Liquitidy အပေါ် အထောက်အကူပြုပေးရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။ SMEs များနှင့်Micro Enterprices များအနေဖြင့် စီးပွားရေးဘဏ်များမှ ချေးငွေများ ပိုမိုလွယ်ကူ စွာရရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် ဘတ်ငွေ(၅)ဘီလီယံ ရန်ပုံငွေကို အရှိန်မြှင့်တင်ထူထောင် ဆောင်ရွက်သင့်ကြောင်း Mr.Supant ကပြောကြားခဲ့ပါသည်။ များစွာသော ကုမ္ပဏီများ   အနေဖြင့် အများအားဖြင့် တင်းကြပ်သောစည်းမျဉ်းစည်းကမ်းအခြေအနေများကြောင့် စီးပွားရေးဘဏ်များမှ ချေးငွေရရှိရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီရန်ခက်ခဲနေကြခြင်း ဖြစ်ပါ သည်။

ဘတ်ငွေ(၅၀)ဘီလီယံရန်ပုံငွေကို ဒုတိယဝန်ကြီးချုပ်ဟောင်း ဆုန်ကစ်က ဇွန်လတွင်အဆို တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။၎င်းက SMEs များအား ပိတ်ဆို့မှုများ၏ ဒါဏ်ကိုခံနေကြရသော SMEs များ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန် SMEs အထူးချေးငွေလမ်းကြောင်းသစ်ကို ဖေါ်ဆောင်လိုခြင်းကြောင့်ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် SMEs လုပ်ငန်းပေါင်း(၃.၃)သန်းရှိနေပြီး ၎င်းတို့အနက်အများစုမှာ ပြည်တွင်းဘဏ်များမှ ချေးငွေအနည်းငယ်(သို့မဟုတ်) လုံးဝမရရှိခဲ့ကြကြောင်းသိရှိရပါသည်။ အစိုးရအနေဖြင့် SMEs (၂၀၀,၀၀၀)အား ထောက်ပံ့ကူညီရန် SMEs လုပ်ငန်းများမြှင့်တင်ရေးရုံးသို့နှစ်စဉ် ဘတ်ဂျက် (၁) ဘီလီယံ အားပုံမှန်အားဖြင့် ခွင့်ပြုပေးလျှက်ရှိကြောင်း၊ ၂၀၂၁ခုနှစ် ဘဏ္ဍာနှစ်အတွက် အစိုးရမှ ဘတ်ဂျက်ကို(၅%)လျှော့ချဖြတ်တောက်ခဲ့ပါသည်။

Mr.Supant က ရန်ပုံငွေအသစ်၏ ဘတ်ဂျက်အရင်းအမြစ်ကို မသတ်မှတ်ရသေးကြောင်း ပြောကြားခဲ့ပါသည်။  စီးပွားရေးနှင့်လူမှု ပြန်လည်ထူထောင်ရေးအတွက် အစိုးရမှ ဘတ်ငွေ (၄၀၀) ဘီလီယံမှ ဘတ်ဂျက်ကို အသုံးမပြု ပါက အစိုးရအနေဖြင့် အခြားအရင်းအမြစ်များမှ ရန်ပုံငွေရှာဖွေရန် အကြံပြုခဲ့ကြောင်းသိရှိရပါသည်။ နိုင်ငံတော်ဉပဒေအကြံပေးအဖွဲ့၊ အစိုးရကောင်စီက SMEs လုပ်ငန်းများမြှင့်တင်ရေးရုံးသည် ဉပဒေဆိုင်ရာပြဿနာကိစ္စများ ကြောင့် ဘတ်ငေွ (၄၀၀) ဘီလီယံငွေကို အသုံးပြုရန် မကြာသေးမီက တားမြစ်ထားကြောင်း သိရှိရပါသည်။ Mr. Supant က FTI အနေဖြင့် အိမ်ယာယူနစ်များအတွက်ငွေလွဲခနှင့် အပေါင်ခများအား လျှော့ချဖြတ် တောက် ပေးရန် အစိုးရအား တောင်းဆိုလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

Source:Bangkok Post

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand