China (HongKong)

G7 ဆွေးနွေးပွဲအပြီး တရုတ်မှ ဟောင်ကောင်အား ငွေကြေးအချက်အချာကျသည့်ဒေသအဖြစ် ဆက်လက်ထားရှိ

Last Updated:

ငွေကြေးအချက်အချာကျသည့်ဒေသဖြစ်သည့် ဟောင်ကောင်ဒေသအား အမျိုးသားလုံခြုံရေး ဥပဒေနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ ဆောင်ရွက်မှုအပေါ် စိုးရိမ်ပူပမ်မှုများအား Group of Seven (G7) အစည်းအဝေးတွင် အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ အီတလီ၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ် အစရှိသည့်နိုင်ငံများ မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များမှ တရုတ်နိုင်ငံမှ ဆုံးဖြတ်ချက်ချသည့် အမျိုးသားလုံခြုံရေးဥပဒေအပေါ် စိုးရိမ် ပူပန်မှုများကို ဆွေးနွေးခဲ့ကြရာ တရုတ်အနေဖြင့် တစ်နိုင်ငံ၊ စနစ်နှစ်မျိုး (One Country Two Systems) ဖြင့် နိုင်ငံတကာ ငွေကြေးစင်တာဖြစ်သည့် ဟောင်ကောင်ဒေသအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခြင်းဖြင့် ဟောင်ကောင်ဒေသ၌ ရင်းနှီးမြှုပ်နှံသူများ ၏ စိုးရိမ်ပူပမ်မှုများအား ဖယ်ရှားပေးခဲ့ကြောင်း၊ ပေကျင်းအနေဖြင့် ဟောင်ကောင်ဒေသအား ငွေကြေးအချက်အချာကျသည့် ဒေသအဖြစ် ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသရှိ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးသွားမည်ဖြစ်ပြီး ဒေသ၏ သာယာဝပြော မှုမှာ ရေရှည်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအာဏာကို ပျက်စီးအောင်ပြုလုပ်ရာတွင် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ပါဝင်သည့် တရုတ်နှင့် ဟောင်ကောင်မှ တာဝန်ရှိသူများကို ကန့်သတ်တားမြစ်ပိတ်ဆို့မှုများကို ဝါရှင်တန်မှ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ကိုယ်ပိုင်အထူးအုပ်ချုပ်ခွင့်ရဒေသ မဟုတ်တော့ပါက ဟောင်ကောင်ဒေသသို့ ပေးထားသည့် အထူးအခွင့်အရေးများကို ပယ်ဖျက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၃၀-၅-၂၀၂၀ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ရှန်ဟိုင်းအား နိုင်ငံတကာ ငွေကြေးစင်တာဖြစ်ရမည်ဟု ကြေညာခဲ့သော်လည်း ငွေကြေးစီးဆင်းမှုများမှာ တရုတ်၏ တင်းကြပ်သောထိန်းချုပ်မှုအောက်တွင်သာရှိနေသေးကြောင်း၊ ဟောင်ကောင်အနေဖြင့် တရုတ်နိုင်ငံပြင်ပရှိ အကြီးမားဆုံးသော တရုတ်ငွေယွမ်ငွေကြေးစင်တာအဖြစ်ရှိပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအခွင့် အလမ်းအဓိကဂိတ်အနေဖြင့် တည်ရှိနေကြောင်း၊ နိုင်ငံတကာငွေကြေးစင်တာဖြစ်သည့် ဟောင်ကောင်ဒေသတွင် အတွေ့အကြုံကြွယ်ဝမှုနှင့် အဓိက အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်နိုင်သည့် အရည်အသေွးလည်း အပြည့်အဝရှိကြောင်း၊ ယခုလက်ရှိတွင် ရှန်ဟိုင်းအား နိုင်ငံတကာငွေကြေးစင်တာ အဖြစ်‌ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဟောင်ကောင်နှင့် ရှန်ဟိုင်းတို့အကြား ဒေသနှစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် အချင်း ချင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

ရင်းမြစ် : South China Morning Post  (18-6-2020)

Category: China (HongKong)