China (HongKong)

HSBC ဘဏ်သည် ယှဉ်ပြိုင်ဘက်ဘဏ်များ ပေါ်ထွက်လာသောကြောင့် ဝန်ဆောင်မှု(၂၆) ခု ၏ ဝန်ဆောင်ခများကို အနည်းငယ် လျှော့ချမည့်သတင်း

Last Updated:

HSBC ဘဏ်သည် ယှဉ်ပြိုင်ဘက်ဘဏ်များ ပေါ်ထွက်လာသောကြောင့်  ၎င်း၏ လက်လီငွေအပ်နှံသူများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှ စတင်၍ဘဏ်ဝန်ဆောင်မှုအခကြေးငွေများကိုလျှော့ချရန် စီစဉ်ထားကြောင်း၊ ယှဉ်ပြိုင်ဘက်ငွေချေးပေးမည့်သူများမှာ ချေးငွေကြောင့် ဖိအားများဖြစ်ပေါ်နေသော လုပ်ငန်းများကို ချေးပေးသွားမည်ဖြစ်ကြောင်း၊ ငွေချေးပေးမည့်သူများမှာ ဟောင်ကောင်ဒေသရှိ ဘဏ်အကောင့် (၄) မီလီယံ ကိုင်ဆောင်သူများအတွက် ဘဏ်ဝန်ဆောင်မှုနှင့် ငွေလွှဲပြောင်းမှုလုပ်ငန်းများ(၂၆) ခုအတွက် ဝန်ဆောင်ခများကို လျှော့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်ခများလျှော့ချမှုမှာ ဗြိတိနိုင်ငံအခြေစိုက် ငွေချေးပေးသူများမှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လက အနည်းဆုံးဝန်ဆောင်ခများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ခဲ့ရာမှဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့သည့် COVID-19 ကြောင့် လုပ်ငန်းများအား စီးပွား‌ရေးကျဆင်းမှုအကျပ်အတည်းမှ ကျော်လွှားနိုင်အောင် ကူညီပံ့ပိုးရန် ဟောင်ကောင်ဒေသရှိ အင်အားကြီး ငွေချေးပေးသူများက Community Bank များ တည်ထောင် ကာချေးငွေပြန်လည်ပေးဆပ်ရန် အချိန်တိုးမြှင့် ပေးခြင်းနှင့် ပေးချေရန်ရှိသည့်ငွေများကို ပယ်ဖျက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလုပ်ဆောင်မှုများမှာ ယနေ့အချိန်တွင် လူတိုင်းရှင်သန်နိုင်ရန် ငွေကြေးပိုင်ဆိုင်မှုများရှိရန် ပံ့ပိုးနိုင်မည်ဖြစ်ပြီး COVID-19 ကြောင့် စီးပွားရေးကျဆင်းမှုမှ လည်း ကူညီပံ့ပိုးရာရောက်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ရှိ လက်လီဘဏ်များမှာ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်အတွင်းအမြတ်ငွေ(၇.၇) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ Standard Chartered Bank ၊ Bank of China (Hong Kong) နှင့် Bank of East Asia တို့မှလည်း ၎င်းတို့၏ ဝန်‌ဆောင်ခကောက်ခံမှုများကို ပြန်လည်ဆန်းစစ်မှုအား အမြဲတမ်းပြုလုပ်လျက်ရှိရာ ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့မှ HSBC ၏ လုပ်ဆောင်မှုများကို ကြိုဆိုကြောင်း ရေးသားဖော်ပြထားပါသည်။

အွန်လိုင်းဘဏ် (Virtual Banks) (၈) ခုအနက်မှ (၅) ခု၏ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုကို COVID-19 ကာလအတွင်း လုပ်ဆောင်ခဲ့ပြီး ဘဏ်အကောင့်အသုံးပြုသူများမှ ဘဏ်တွင် အာမခံငွေ ပေးသွင်းရန်မလိုအပ် သည့်အချက်ဖြင့် ဆွဲဆောင်မှု မက်လုံးများပေးခဲ့ကြောင်း၊ ဘဏ်များမှလည်း အလုပ်အကိုင်များလျှော့ချကာ ကုန်ကျစရိတ်များ ဖြတ်တောက်ခဲ့ကြောင်း၊ အချို့သောငွေချေးပေးသူများမှာ Virtual Banks များ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နေရသောကြောင့် အာမခံငွေပေးသွင်းရခြင်းနှင့် ဘဏ်ငွေအပ်နှံသူတို့အား ကာကွယ်နိုင်ရန် HSBC ဆောင်ရွက်သည့် နည်းလမ်းဖြင့် လိုက်ပါဆောင်ရွက်လိုကြောင်း၊ HSBC သည် ၁-၁၁-၂၀၂၀ ရက်နေ့မှ စတင်၍ အာမခံငွေများထားရှိမှုနှင့် နိုင်ငံခြားငွေစက္ကူများထုတ်ယူမှုတို့နှင့် ပတ်သက်သည့် အခွန်ကောက်ခံမှု (၂၆) ခု၊ ဘဏ်လုပ်ငန်းရှင်များထံမှ အစီရင်ခံစာများနှင့် စာရွက်စာတမ်းများ တောင်းခံမှု၊ ငွေသွင်း/ငွေထုတ် စာအုပ်များ အသစ်လဲခြင်းများ၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေလွှဲပြောင်းမှုများနှင့် ငွေလွှဲပို့ခြင်းတို့ကို  လျော့နည်းပပျောက်ရန်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော်နှစ်စဉ်စာရွက်စာတမ်းကြေး၊ အကြွေးဝယ်ကဒ်များ ငွေပေးချေမှုနောက်ကျမှုကြောင့် ပေးဆောင်ရသည့် ဒဏ်ကြေးများ၊ စတော့ရှယ်ယာများ ရောင်းချမှုကော်မရှင်ခများ၊ အာမခံကြေးများနှင့် ပိုင်ဆိုင်မှုထိန်းသိမ်းခများ အစရှိသော အချို့သောဝန်ဆောင်ခများမှာ ဆက်လက် ကောက်ခံနေမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ဘဏ်ငွေ အပ်နှံသူများကို စိတ်ကျေနပ်အောင်ဆောင်ရွက်ပေးလျှင် ထပ်မံ၍ဘဏ်ငွေအပ်နှံသူ အသစ်များရရှိအောင် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၂၇-၁၀-၂၀၂၀ ရက်နေ့မှ စတင်၍ HSBC အဆင့်မြင့် ဘဏ်အကောင့်များ ကိုင်ဆောင်သူအားလုံးအတွက် ဘက်စုံပါဝင်ပေါင်းစပ်ထားသည့်  HSBC One ကိုဆောင်ရွက်ရန်လုပ်ဆောင်လျက်ရှိကြောင်း၊ အဆင့်မြင့်ဘဏ်အကောင့်များ ကိုင်ဆောင်သူများအတွက် ဘဏ်အကောင့်ထဲတွင် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ (၂၀၀,၀၀၀) ရှိရမည်ဖြစ်ပြီး ချေးငွေလည်းတူညီသည့် ပမာဏသာ ဟောင်ကောင်ဒေါ်လာ (၂၀၀,၀၀၀) သာ ပြန်လည် ချေးငှား၍ရမည်ဖြစ်သော်လည်း HSBC One တွင် ဘဏ်အကောင့်ထဲ၌ အနည်းဆုံး လက်ကျန်ငွေကျန်ရှိရန် မလိုအပ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “ HSBC Scraps Fees on 26 Services as Rivals Emerge” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင် )

 

Category: China (HongKong)