China(Nanning)

ရေနံစိမ်းအတွက် ရေရှည်တွင် အပြုသဘောဆောင်သော စျေးကွက်မျှော်လင့်ချက်များရှိနေ

Last Updated:

နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းသည် ညတွင်းချင်း ကျဆင်းသွားခဲ့ပြီး တရုတ်နိုင်ငံတွင် မတ်လ ၁၅ ရက်နေ့၌ ရေနံစိမ်းတစ်စည်၏ ဈေးနှုန်းမှာ ၅၂၈.၅ ယွမ်ရှိခဲ့ကြောင်းသိရှိရသည်။ နိုင်ငံတကာ ရေနံစိမ်းစျေးနှုန်းအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်သော အမေရိကန်နိုင်ငံ၊ West Texas Interme diate (WTI) ၏ အရောင်းအဝယ်စာချုပ်ဈေးနှုန်းသည် ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၇၁.၃၃ ဖြစ်ခဲ့ပြီး ယခင်ထက် အမေရိကန်ဒေါ်လာ ၃.၄၇ သို့မဟုတ် ၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အကျိုးဆက်အနေဖြင့် INE (Shanghai International Energy Exchange) ဈေးကွက်သည် ၁၅ ရက်အတွင်း ကျဆင်းခဲ့ပြီး ရေနံစိမ်းတစ်စည်လျှင် ၅၂၈.၅ ယွမ်၊ (၁.၁၈ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ ထိုသို့ရေနံစိမ်းဈေးနှုန်းကျဆင်းရခြင်းမှာ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုရှိဘဏ်များ ပြိုလဲခြင်း၏ အကျိုးသက်ရောက်မှုအပြင် အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးဖောင်းပွမှုကြောင့်လည်းဖြစ်ကြောင်း၊ နောက်ဆက်တွဲအဖြစ် ဈေးကွက်တွင် ဘဏ္ဍာရေးဆိုင်ရာ စွန့်စားမှုများ နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေပြီးနောက် ရေနံစိမ်းဝယ်လိုအားကို လျော့နည်းစေခဲ့ကြောင်း သိရှိရပါသည်။ ရေနံစိမ်း ဈေးနှုန်းကျဆင်းစေမည့်ဖိအားသည် မကြာမီအနာဂတ်တွင် အတော်လေး ပြင်းထန်လာမည်ဟု ခန့်မှန်းရပြီး အမေရိကန်ပြည်ထောင်စုတွင် ဘဏ္ဍာရေးဆိုင်ရာ စွန့်စားမှု (financial risk) ကို ကာလတိုအတွင်း မဖြေရှင်းနိုင်ပါက ရေနံစိမ်းဈေးနှုန်းသည် အကျပိုင်းတွင် ဆက်လက် ရှိနေမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ရေနံစိမ်းထုတ်လုပ်ရောင်းချမှုအပိုင်းသည် အတော်အတန် တည်ငြိမ်နေကာ ရေနံထုတ်လုပ်တင်ပို့သည့်နိုင်ငံများ (OPEC) က ၎င်း၏ ထုတ်လုပ်မှုလျှော့ချရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းထားသဖြင့် ရောင်းလိုအားပိုင်း၌ စိန်ခေါ်မှုများကို ထိန်းချုပ်နိုင်သည့် အနေအထား၌ ရှိနေကြောင်း သိရှိရသည်။

ကာလလယ်မှ ကာလရှည်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားပြန်လည်ကောင်းမွန် လာမည်ဟု မျှော်လင့်ရပြီး ရေနံစိမ်းဈေးကွက်အတွက် အရေးပါသောအထောက်အပံ့တစ်ခု ဖြစ်ကြောင်းသိရှိရသည်။ ယေဘုယျအားဖြင့် ရေနံစိမ်းဈေးကွက်သည် မကြာမီအနာဂတ် တွင် ဆက်လက်၍ မတည်မငြိမ် ဖြစ်နေနိုင်သော်လည်း ကာလလယ်နှင့်ရေရှည်အတွက် ကောင်းမွန်သော မျှော်လင့်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

  https://www.sunsirs.com/commodity-news/petail-11594.html

  https://www.sunsirs.com/commodity-news/petail-11594.html

  www.chinadaily.com.cn    

https://global.chinadaily.com.cn/a/202303/19/WS64164501a31057c47ebb5413.html https://global.chinadaily.com.cn/a/202303/06/WS64058f06a31057c47ebb2880.html

Category: China(Nanning)