USA

စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံ၏ဝန်ဆောင်မှုကဏ္ဍတိုးတက်လာခြင်း

Last Updated:

အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ၌ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပို၍မြင့်တက်လာခဲ့သည်ဟု Institute for Supply Management (ISM) ၏ စစ်တမ်းအရ သိရှိရပါသည်။ အဆိုပါစစ်တမ်းအရ ဝန်ဆောင်မှုကဏ္ဍလုပ်ငန်းဆောင်ရွက်မှု အညွှန်းကိန်း (Services-Activity Index) သည် ဩဂုတ်လတွင် (၅၁.၅)ရှိခဲ့ရာမှ စက်တင်ဘာတွင် (၅၄.၉) အထိ မြင့်တက်ခဲ့ကြောင်း၊ ဤအညွှန်းကိန်းမြင့်တက်မှု စက်တင်ဘာလအထိ (၃)လ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍ၌ ဝယ်လိုအား မြင့်တက်လာသော်လည်း ယင်းကဏ္ဍရှိ အလုပ်အကိုင်ခန့်ထားမှုသည် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အိမ်ရာဝန်ဆောင်မှု၊ ကော်ပိုရိတ်ဝန်ဆောင်မှု၊ တည်းခိုနေထိုင်မှုနှင့် အစားအစာဝန်ဆောင်မှု အပါအဝင် ဝန်ဆောင်မှုလုပ်ငန်း (၁၂)ခု စလုံးတွင် တိုး တက်ခဲ့ကြောင်း၊ ISM ၏ ဝန်ဆောင်မှုလုပ်ငန်း များသုတေသနကော်မတီဥက္ကဋ္ဌ Mr. Steve Miller က ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် တည် ငြိမ်လာစေရေးအတွက် ရောင်းကုန်များ၏ဈေးနှုန်း တည်ငြိမ်မှုရှိရန်လိုအပ်သည်ဟုဆိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စက်တင်ဘာလအတွင်း ဗဟိုဘဏ်၏အတိုးနှုန်း (၀.၅၀) ရာခိုင်နှုန်း လျှော့ချမှုကို ကြိုဆိုသော်လည်း အလုပ်သမားခ ကုန်ကျစရိတ်နှင့် အလုပ်သမားများ အလွယ်တကူ ရရှိနိုင်မှုမှာ ပြဿနာတစ်ရပ်ဖြစ်နေသေးကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA