China (HongKong)

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသည် ဟောင်ကောင်ဒေသ၏ နိုင်ငံတကာအခန်း ကဏ္ဍကို ဖော်ညွှန်း

Last Updated:

        နိုဝင်ဘာလတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးခေါင်ဆောင်များ၏ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအချက်အချာဒေသ တစ်ခုအဖြစ် ဟောင်ကောင်ဒေသ၏ တက်ကြွမှုကို မီးမှောင်းထိုးပြလိုခြင်းဖြစ်သည်ဟု ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ငွေကြေးအာဏာပိုင်အဖွဲ့၏ အကြီးအကဲဖြစ်သူ Eddie Yue က ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် “Investment summit 'showcases HK's international role'” ခေါင်းစဉ် ဖြင့်ရေးသား ဖော်ပြထားပါသည်။

          အဆိုပါ အစည်းအဝေးကို နိုဝင်ဘာလ ၇ ရက်မှစတင်၍ ၃ ရက်ကြာကျင်းပမည်ဖြစ်ပြီး၊ အစည်းအဝေးတွင် ပင်မအစည်းအဝေးအပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖိုရမ် တို့ပါဝင်မည်ဖြစ်ပါ သည်။ ကမ္ဘာတစ်လွှားမှ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင် ၃၀၀ ကျော်တက်ရောက် ကြမည်ဖြစ်ပြီး ထိုပမာဏသည် ယခင်နှစ်ကထက် ၁၀၀ ကျော် ပိုမျိုးကြောင်း ၎င်းက ပြောကြား ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

          "Living with Complexity" ခေါင်းစဉ်ဖြင့် ကျင်းပမည့် အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှေးကွေးခြင်းကြောင့် ဖြစ်ပေါ်လာသည့် မေခရိုစီးပွားရေးအပေါ် စိန်ခေါ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာများ၊ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ ကြောင့် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ပါ သည်။

          ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ကျင်းပမည့် အစည်းအဝေးကို ဟောင်ကောင်ဒေသ ငွေကြေးအာဏာပိုင်အဖွဲ့အစည်း (HKMA) နှင့်  the Securities and Futures Commission and the Hong Kong Academy of Finance ပူးပေါင်းစီစဉ် ကျင်းပမည်ဖြစ်ပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့)

Category: China (HongKong)