China (HongKong)

ဟောင်ကောင်ဒေသတွင် တိုင်ဖွန်းမုန်တိုင်း Koinu ဝင်ရောက်တိုက်ခတ်

Last Updated:

          ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ဝင်ရောက်တိုက်ခတ်လျက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း Koinu မှာ လေတိုက်နှုန်းအနည်းငယ်လျော့ကျလာခြင်းကြောင့် ဟောင်ကောင်မိုးလေဝသ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ တနင်္ဂနွေနေ့ည ၁၁၅၀ တွင် မုန်တိုင်း တက်ခတ်နှုန်းအဆင့် T-9 အဆင့်သို့T-8 အဆင့်သို့ပြောင်းလဲသတ်မှတ်ခဲ့ပြီး၊ ပြင်းထန်စွာမိုးရွာသွန်းမှုကြောင့် တနင်္ဂနွေနေ့ နံနက် ၄ နာရီတွင် အနက်ရောင်မိုးမုန်တိုင်း သတိပေးချက်ထုတ်ပြန်ခဲ့ပါသည်။ မုန်တိုင်း အခြေအနေ တဖြည်းဖြည်း အားပျော့လာသဖြင့် နေ့လည် ၁၁၄၀ အချိန်တွင် အဆင့် ၃ သို့ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

                တနင်္လာနေ့မနက်ပိုင်း သတင်းထုတ်ပြန်ချက်များတွင် လူ ၂၅ ဦး ဆေးဝါးကုသမှုခံယူခဲ့ပြီး၊ သစ်ပင်လဲကျခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပွားခဲ့ရာ ယာယီတည်းခိုရာနေရာများတွင် ၂၈၆ ဦး လာရောက်ခိုလှုံနေထိုင်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

                အစိုးရဝန်ဆောင်မှုများ၊ ကျောင်းများ၊ အားကစားကွင်းများ၊ ကလေးနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး စသည်တို့မှာ တနင်္လာနေ့နံနက်ပိုင်းအထိ ပိတ်ထားခဲ့သကဲ့သို့ ကူတို့သ င်္ဘောဖြင့် သွားလာရမည့် ကျွန်းများသို့ သွားလာမှုကိုလည်း ပိတ်ပင်ထားပါသည်။ ထို့ပြင် မြို့တွင်းရထားပြေးဆွဲမှု (MTR) ကို တနင်္လာနေ့နံနက်ပိုင်းအထိ အကန့်အသတ်ဖြင့် ခွင့်ပြုထားခဲ့ပါသည်။ မုန်တိုင်းကြောင့် လေကြောင်းသွားလာမှုတွင် ခရီးစဉ် ၉၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့ပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့)

 

 

Category: China (HongKong)