Phillippines

ဖိလစ်ပိုင်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အား ၂၀၂၇ တွင် အပြီးသတ်ရန် အီးယူမျှော်လင့်

Last Updated:

သမ္မတမားကို့စ်အနေဖြင့် ဖိလစ်ပိုင်-အီးယူ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီ ချက်-FTAကို အကောင်အထည်ဖော်မည့်အစီအစဉ် ကာလသတ်မှတ်ချက် ရေးဆွဲထားကြောင်း ကြားသိရပါကြောင်း EU External Action Service (EEAS) ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဦးဆောင် ညွှန်ကြားရေးမှူးက ၄-၁၂-၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်ဘက်မှ ရေးဆွဲထား သည့် schedule အတိုင်း  ပူးပေါင်းသွားရန် အသင့်ရှိပါကြောင်း၊ အီးယူအနေဖြင့် ဗီယက်နမ်၊ စင်ကာပူကဲ့သို့ပင် ဖိလစ်ပိုင်နိုင်ငံနှင့် FTA ရေးထိုးပြီး အီးယူ-ဖိလစ်ပိုင်ကုန်သွယ်မှု တိုးမြှင့်သွားလို ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ကုန်သွယ်ရေးသဘောတူညီချက်အား ၂၀၂၆  ခုနှစ်တွင် အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ပြီး သမ္မတမားကို့စ်အစိုးရမှ ၂၀၂၇ ခုနှစ်တွင် ခြုံငုံသုံးသပ် လေ့လာသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအား upper middle-income status မှ ၂၀၂၆ ခုနှစ်တွင် လွတ်မြောက်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသဖြင့် ဖိလစ်ပိုင်နိုင်ငံ သည် အီးယူမှရရှိလျက်ရှိနေသည့် ကုန်သွယ်မှုဆိုင်ရာအခွင့်အရေးများ ဆုံးရှုံးနိုင်သည့် ကာလပိုင်း ခြား ကွာဟမှုမရှိစေရေး အချိန်မီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဝင်ငွေအဆင့်နိမ့်ပါးသည့် နိုင်ငံများသာရရှိသည့် EU GSP+ အစီအစဉ် အား ခံစားလျက်ရှိသော နိုင်ငံဖြစ်ပြီး ၎င်းမှ ကုန်ပစ္စည်းပေါင်း ၆,၂၇၄ ခုအတွက် အခွန်သက်သာခွင့် ၀% Duties ရရှိထားပါသည်။ ထိုသို့ရရှိခံစားနိုင်ရန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် လူအခွင့်အရေး၊ အလုပ်သမား၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့ပါဝင် သည့် နိုင်ငံတကာ သဘောတူညီချက် international conventions  ၂၇ ချက်ကို လေးစားလိုက်နာ ရန် လိုအပ်ပါသည်။  EU GSP+ အစီအစဉ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက သက်တမ်းကုန်ဆုံးပြီ ဖြစ်သဖြင့် သက်တမ်းတိုး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၇ ခုနှစ်အထိသာ သက်တမ်းရရှိမည်ဖြစ်ပါ သည်။

အီးယူအနေဖြင့်လည်း အသား၊ စိုက်ပျိုးရေးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ မော်တော်ယာဉ်ပစ္စည်းများတို့ကို ဈေးကွက်ချိတ်ဆက်မှု တိုးမြှင့်သွားလိုသဖြင့် ညှိနှိုင်းမှုကို လုပ်ဆောင်လိုပါကြောင်း၊ အလားတူ ဖိလစ်ပိုင်နိုင်ငံသည်လည်း စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ပိုမိုချိတ်ဆက် တင်ပို့လိုပါကြောင်း ဖော်ပြပါရှိပါသည်။ ထို့ပြင် အီးယူသည် ဖိလစ်ပိုင်နိုင်ငံ၏ Green Financing နှင့်  Critical Law Material ကဲ့သို့သော ကဏ္ဍများတွင်လည်း ပူးပေါင်း ဆောင်ရွက်သွားလိုသဖြင့် ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် အခြားသောသက်ဆိုင်ရာ အစိုးရအေဂျင်စီများနှင့်လည်း နိုဝင်ဘာလ က တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  တွေ့ဆုံပွဲအပြီး ဖိလစ်ပိုင်၊ အီယူ နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် Green Economy ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအသစ်ကို ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ အီးယူမှ ထောက်ပံ့ပေးသည့် ချေးငွေများဖြင့် ဦးစားပေးကဏ္ဍအသီးသီးအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံသို့ ဇွန်လက လာရောက်ခဲ့ပြီး ၂၀၂၇ ခုနှစ်၊ EU GSP+ အစီအစဉ်သက်တမ်းမကုန်ဆုံးမီ အီးယူ-ဖိလစ်ပိုင် ကုန်သွယ်ရေး သဘောတူညီချက်အား အချိန်မီလက်မှတ်ရေးထိုးနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဟု ပြော ကြားခဲ့ပါကြောင်း၊ ကုန်သွယ်ဖက်နိုင်ငံများအချင်းချင်း ကုန်သွယ်ရေးသဘောတူညီချက်များ အား ညှိနှိုင်းရာတွင် သတိထား ဆောင်ရွက်ရန်မှာအရေးကြီးပြီး နှစ်နိုင်ငံကြား နိုင်ငံရေး အခြေအနေက များစွာကူညီပေးနိုင်ပါကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများကလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် နက်ရှိုင်းစွာ ဆောင်ရွက်သွားရန် မျှော်လင့် ပါကြောင်း ဖိလစ်ပိုင်ခရီးစဉ်နှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်ကို လေ့လာတင်ပြအပ်ပါသည်။

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

 

         

Category: Phillippines