China(Beijing)

တရုတ်နိုင်ငံတွင် အထူးပြုကော်ဖီထုတ်လုပ်မှုမှ အကျိုးအမြတ်ရရှိရန် ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၌ ကော်ဖီယဉ်ကျေးမှုနှင့် ကော်ဖီသောက်သုံးမှု ဆက်လက်အားကောင်းလျက်ရှိ ကြောင်း၊ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းခေါင်းဆောင်များသည် ခုနစ်ကြိမ်မြောက် China International Import Expo ၌ အထူးသီးသန့်ပြုလုပ်ထားသည့် ကော်ဖီများကို ပြည်သူများ ကြိုက်နှစ်သက်လျက်ရှိပြီး ကော်ဖီလုပ်ငန်းကဏ္ဍ တိုးတက်မှုကို ပိုမိုတွန်းအားပေး ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

CIIE ကာလအတွင်း ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ ကော်ဖီအသင်းနှင့် အာရှကော်ဖီအသင်းတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲ၌ ကော်ဖီစေ့ပြသရောင်းချသူများ၊ ကော်ဖီကုန်သည်များနှင့် အထူး သီးသန့်ပြုလုပ်ထားသည့် ကော်ဖီဆိုင်ပိုင်ရှင်များသည် တရုတ်နိုင်ငံ၏ အနာဂတ်ကာလ ကော်ဖီလုပ်ငန်း နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင်  ကော်ဖီတင်သွင်းမှုနှင့် စားသုံးမှုတိုးလာခဲ့ပြီး မကြာမီ နှစ်များအတွင်း ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ကော်ဖီ မက်ထရစ်တန် ၂၉၁,၀၀၀ တင်သွင်းခဲ့ပြီး ကမ္ဘာ့ အဆင့် ၈ နေရာတွင်ရှိခဲ့ကြောင်း၊  ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကော်ဖီတစ်ဦးကျသောက်သုံးမှုအရေအတွက်သည် ၃.၂ မှ ၁၁.၃ အထိ တိုးလာခဲ့ကြောင်း၊ Asian Coffee Association ၏ အထွေထွေအတွင်းရေးမှူးနှင့် China Coffee Engineering Research Center မှ ဒါရိုက်တာ Chen Zhenjia မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၂ ခုနှစ်၏ တစ်ဦးကျ ကော်ဖီသောက်သုံးမှုအရေအတွက် ၇၅.၂ ဖြင့် နှိုင်းယှဉ်ပါက တရုတ်တွင် ကမ္ဘာ့ပျမ်းမျှစားသုံးမှုအဆင့်သို့ရောက်ရှိရေးအတွက် နှစ်စဉ်ရောင်းချရန် တန်ချိန် ၁,၆၂၃,၅၀၀ တိုးမြင့် လိုအပ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန် အလားအလာကောင်းများ ရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထို့ပြင် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ ကော်ဖီအသင်းဥက္ကဋ္ဌ ဒင်းရှန်းကလည်း တရုတ်နိုင်ငံ၏ ကော်ဖီ သောက်သုံးမှုဈေးကွက်သည် ယခုအခါ ပျမ်းမျှနှစ်စဉ်တိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းဝန်းကျင်ဖြင့် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးကြီးထွားလျက်ရှိကြောင်း၊ ကမ္ဘာ့ပျမ်းမျှတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းထက် များစွာမြင့်မားနေသည်ဟု သုံးသပ်ပြခဲ့ကြောင်း၊ လက်ရှိကာလတွင် တရုတ်နိုင်ငံတွင် ကော်ဖီသောက်သုံး သူများသည် စျေးကွက်အတွင်း နိုင်ငံအသီးသီးမှ ကော်ဖီစေ့များကို ရှာဖွေသောက်သုံးလျက်ရှိပြီး ၎င်းတို့၏ အရသာနှင့် ကော်ဖီအရည်အသွေးပိုင်းဆိုင်ရာကြိုက်နှစ်သက်မှုမှာလည်း သဘာဝအတိုင်း မြင့်မားလာနေ ကြောင်း၊ အထူးသဖြင့် ကော်ဖီသည် တရုတ်နိုင်ငံတွင်ဝယ်လိုအား ကြီးမားလာမှုနှင့်အတူ အထူးပြု ထုတ်လုပ်ထားသည့်ကော်ဖီများကိုလည်း အဓိကအသားပေးဝယ်ယူမှု များပြားလျက်ရှိကြောင်း သိရှိရ ပါသည်။

တရုတ်နိုင်ငံ၏ အထူးကော်ဖီဈေးကွက်မှာ ၂၀၂၀ ခုနှစ်တွင် ယွမ် ၁၂.၃ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်တွင် ယွမ် ၂၇.၉ ဘီလီယံ (ဒေါ်လာ ၃.၈၉ ဘီလီယံ) အထိ  တိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အထူးကော်ဖီသောက်သုံးသူ အရေအတွက်သည် စုစုပေါင်း၏ ၁၈.၁% ရှိပြီး အနာဂတ်ကာလတွင် ဆက်လက်တိုးတက်ရန် အလားအလာကောင်းများရှိကြောင်း သိရှိရပါသည်။

ယခင်နှစ်က CIIE  ၏ အစီအစဉ်တစ်ခုအဖြစ် နိုင်ငံအသီးသီးမှ ကော်ဖီစေ့များကို ဟွန်ဒူးရပ်စ် မှပဲများ ရောင်းချရန် ဆောင်ရွက်သကဲ့သို့ အရောင်းမြှင့်တင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကော်ဖီကို  အထူး အာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ အရောင်းအ၀ယ်စာချုပ်များအပြင် CIIE သည် စျေးကွက်အလိုက် စီးပွားရေးမိတ်ဖက်များရှာဖွေရန်နှင့် တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးမြှင့်တင်ရာတွင် ကူညီပေးသည့် upstream၊ downstream ထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ မိတ်ဖက်များနှင့် ချိတ်ဆက်ရာ တွင်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ယန်ဇီမြစ်ဝကျွန်း ပေါ်ဒေသ ကော်ဖီအသင်း ဥက္ကဋ္ဌဒင်းရှန်းမှထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: Specialty coffee gains ground in China - Chinadaily.com.cn

စီးပွားရေးသံမှူး၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

 

Category: China(Beijing)