China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ စီမံဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ ဗဟိုဘဏ်အပါအဝင် အာဏာပိုင်အဖွဲ့အစည်းငါးခုက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဘဏ္ဍာရေးထောက်ပံ့မှုများ ပြုလုပ်ရန် ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

လမ်းညွှန်ချက်များ၌ အဓိကနယ်ပယ်(၉)ခု ဖော်ပြထားပြီး သီးနှံနှင့် အခြားအရေးပါသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ရောင်းချခြင်းတို့ တည်ငြိမ်မှုရှိစေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများစီမံပေးရန်၊ ဆင်းရဲမွဲတေမှုလျော့ချရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ တိုးချဲ့ဖော်ဆောင်နိုင်ရေးအတွက် ဘဏ္ဍာရေးထောက်ပံ့မှုများ အားကောင်းစေရေးဆောင်ရွက်ရန်၊ ခိုင်မာ သည့် စိုက်ပျိုးရေးကဏ္ဍ တည်ဆောက်နိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုများ တိုးမြှင့်ဆောင်ရွက်ရန်တို့ ပါဝင်ကြောင်း သိရှိရပါသည်။

သီးနှံထုတ်လုပ်သည့်အဖွဲ့အစည်းများ၏ ထုတ်လုပ်မှုစွမ်းရည်တိုးတက်စေရေး၊ စက်ပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာအဆင့်မြှင့်တင်နိုင်စေရေး၊ သီးနှံထုတ်လုပ်မှုတည်ငြိမ်စွာ တိုးတက်စေရေး၊ လိုအပ်ချက်များနှင့်ကိုက်ညီစေရေးတို့အတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်ချက်များပါဝင်ကြောင်းလည်း သိရှိရပါသည်။

ဆင်းရဲမှုနက်ရှိုင်းသည့်နေရာများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများက အဓိကထားကူညီပံ့ပိုးပေးရန် တိုက်တွန်းထားကြောင်းလည်း သိရှိရပါသည်။

အာဏာပိုင်အဖွဲ့များမှ အဆင့်မြင့်လယ်ယာနှင့် ရေထိန်းသိမ်းမှုအခြေခံအဆောက်အအုံများ ဖော်ထုတ်ရေးအတွက် ကြွေးမြီခွဲဝေမှုတိုးမြှင့်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ ပြည်နယ်နှင့် မြူနီစီပယ် အဆင့်များအလိုက် ခိုင်မာသည့် စီမံကိန်းများဖော်ထုတ်ရန်နှင့် ချေးငွေပြန်လည်ပေးချေမှုအတွက် နည်းလမ်းပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆောင်ရွက်ရန် ပြောကြားထားကြောင်းလည်း သိရှိရပါသည်။

ဧပြီလကုန်၌ စိုက်ပျိုးရေးကဏ္ဍ၏ ချေးငွေလက်ကျန်ပမာဏ ၅၃.၁၆ ထရီလီယံယွမ် (အမေရိကန်ဒေါ်လာ ၇.၄၈ ထရီလီယံ)ရှိခဲ့ပြီး ကာလတူထက် ၁၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ကျေးလက်ဒေသ ဘဏ္ဍာရေးဝန်ဆောင်မှုစနစ် ရေရှည်တည်တံ့စေရေးနှင့် တိုးတက်စေရေး  သက်ဆိုင်ရာဌာနအသီးသီးမှ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်ထားကြောင်းကိုလည်း သိရှိရပါသည်။     

Source: China pledges to up financial support for agricultural development - CGTN

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)