China(Nanning)

တရုတ်နှင့် ဆာဘီးယားနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြ

Last Updated:

           တရုတ်နှင့် ဆားဘီးယား နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီ ချက်ကို ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၁၇ ရက်နေ့၌ လက်မှတ်ရေးထိုး ခဲ့ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

          အဆိုပါသဘောတူညီချက်သည် တရုတ်နိုင်ငံအနေဖြင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံတစ်ခုနှင့် ပထမဦးဆုံး လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီ ချက်ဖြစ်ပြီး တရုတ်နိုင်ငံက လက်မှတ်ရေးထိုးခဲ့သည့် (၂၂) ခုမြောက် လွတ်လပ်သော ကုန်သွယ် ရေးသဘောတူညီချက်လည်းဖြစ်ကြောင်း၊ ဆားဘီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ (၂၉) ခုမြောက် လွတ်လပ်သောကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ဟု သိရှိရပါသည်။

          တရုတ်-ဆားဘီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အတွက် စေ့စပ် ညှိနှိုင်းမှုများကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စတင်ခဲ့ပြီး စက်တင်ဘာလကုန်တွင် အပြီးသတ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ သဘောတူညီချက်မှတစ်ဆင့် တရုတ်နှင့် ဆားဘီးယားနိုင်ငံတို့သည် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်သစ် များ ချမှတ်ကာ အပြန်အလှန် ဈေးကွက်ဖွင့်လှစ်ပေးမှုလည်း မြင့်တက်လာမည်ဟု ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားကြောင်း သိရှိရပါသည်။

          ဤသဘောတူညီချက်သည် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအဆင် ပြေ၍ ပွင့်လင်းပြီး တည်ငြိမ်သော စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးမည့်အပြင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative) ၏ အရည်အသွေးမြင့် တိုးတက်မှုတွင် တွန်းအား သစ်များဖြစ်ထွန်းစေပြီး တရုတ်နှင့် ဆားဘီးယားနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါ သည်။

          သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ၎င်းကို အချိန်နှင့်တစ်ပြေးညီ အကောင်  အထည်ဖော်နိုင်စေရန်အတွက် နှစ်နိုင်ငံစလုံးမှ သက်ဆိုင်ရာပြည်တွင်းလုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: www.chinadaily.com.cn/a/202310/17/WS652e89fea31090682a5e90e9.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)