China(Nanning)

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် ဂျုံ၊ ပြောင်းနှင့် ဆန်သွင်းကုန်ခွဲတမ်းများ ထုတ်ပြန်ခဲ့

Last Updated:

        တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဂျုံ၊ ပြောင်းနှင့် ဆန်တင်သွင်းမှုများအတွက် Tariff Rate Quotas (TRQ) ကို ယခင်နှစ်က ပမာဏအတိုင်း မပြောင်းလဲဘဲ ဆက်လက်သတ်မှတ်ခဲ့ ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission-NDRC) ၏ တရားဝင်ဝက်ဘ်ဆိုဒ်မှ အသိပေးထုတ်ပြန်ချက်အရ သိရှိရပါသည်။

       ၂၀၂၄ ခုနှစ်အတွက် ပြောင်းတင်သွင်းခွင့် Quota သည် ယခင်နှစ်ကအတိုင်း မက်ထရစ် တန်(၇.၂)သန်းဖြစ်ပြီး အဆိုပါပမာဏအနက်မှ (၆၀)% ကို နိုင်ငံပိုင်လုပ်ငန်းများအား တင်သွင်းခွင့်  ပြုကြောင်း၊ ဂျုံတင်သွင်းခွင့် Quota သည်လည်း ယခင်နှစ်ကအတိုင်း မပြောင်းလဲဘဲ မက်ထရစ် တန်(၉.၆၃၆)သန်းဖြစ်ပြီး နိုင်ငံပိုင်လုပ်ငန်းများသည် ထိုပမာဏ၏ (၉၀)% ကို တင်သွင်းခွင့် ရရှိကြောင်း သိရှိရပါသည်။

      ထို့အတူ ၂၀၂၄ ခုနှစ်အတွက် ဆန်တင်သွင်းခွင့် Quota မှာ မက်ထရစ်တန်ချိန် (၅.၃၂)သန်း သတ်မှတ်ထားပြီး Long grain rice တန်ချိန် (၂.၆၆)သန်းနှင့် medium and short grain rice တန်ချိန်(၂.၆၆)သန်း ဖြစ်ကြောင်း၊ အဆိုပါ ပမာဏ၏ (၅၀)ရာခိုင်နှုန်းကို နိုင်ငံပိုင်လုပ်ငန်းများ အား တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အကောက်ခွန်နှုန်းသက်သာစွာဖြင့် တင်သွင်းခွင့်ပြုသည့်ခွဲတမ်း (Tariff Rate Quotas-TRQ) သည် တရုတ်အစိုးရက ဂျုံ၊ ပြောင်းနှင့် ဆန်များကို ပုံမှန်အကောက်ခွန်နှုန်းထက် သက်သာ စွာဖြင့် နိုင်ငံအတွင်းသို့ တင်သွင်းခွင့်ပြုသောပမာဏသတ်မှတ်ပေးသည့် စနစ်တစ်ခုဖြစ်ပါသည်။

          TRQ ၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်တွင်း၌ အဆိုပါလယ်ယာထွက်ကုန် (၃) မျိုးကို အမြောက်အမြား တင်သွင်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောသက်ရောက်မှုကို တားဆီးရန်ဖြစ် ကြောင်း သိရှိရပါသည်။

        တရုတ်နိုင်ငံတွင် အဆိုပါလယ်ယာထွက်ကုန်များအား သတ်မှတ် Quota အတွင်း၌ တင်သွင်းပါက အနိမ့်ဆုံးအကောက်ခွန်နှုန်းထားမှာ (၁) % ဖြစ်ပြီး TRQ ပမာဏထက်ကျော်လွန် တင်သွင်းပါက အကောက်ခွန် (၆၅)% ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.agricensus.com/Article/China-leaves-2024-import-tariff-quota-for-corn-wheat-unchanged-31291.html#:~:text=The%20tariff%20quota%20%28TRQ% 29%20for%202024%20corn%20was,expected%20to%20account%20for%2090%25%20of%20that%20volume

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)