USA

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဟာရီကိန်းမုန်တိုင်းဟယ်လိန်းကြောင့် ထိခိုက်ခဲ့သည့် စိုက်ပျိုးထုတ်လုပ်သူများအား လျော်ကြေးငွေထောက်ပံ့

Last Updated:

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Tom Vilsack က ဟာရီကိန်းမုန်တိုင်း ဟယ်လိန်းကြောင့် ထိခိုက်ခဲ့သည့် စိုက်ပျိုးထုတ်လုပ်သူများအား ပြန်လည်ထူထောင်ရန် ထပ်တိုး အထောက်အပံ့များပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအထောက်အပံ့အစီအစဉ် အရ ဟာရီကိန်းမုန်တိုင်းဟယ်လိန်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုများအတွက် အမေရိကန်ဒေါ်လာ (၂၃၃) သန်း လျော်ကြေးငွေရရှိမည်ဖြစ်ရာ ယင်းထောက်ပံ့ငွေသည် မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးထုတ်လုပ်သူများကို တိုက်ရိုက်ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ဟာရီကိန်းမုန်တိုင်းဟယ်လိန်း ကြောင့် အမေရိကန်နိုင်ငံ၏ အရှေ့တောင်းပိုင်းရှိ ပြည်နယ်များမှ စိုက်ပျိုးထုတ်လုပ်သူများကို အဓိကထိခိုက်ခဲ့ပြီး ရိတ်သိမ်းချိန်ရာသီမတိုင်မီ တိုက်ခတ်ခြင်းဖြစ်သဖြင့် ဆုံးရှုံးမှုများပြားခဲ့ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် စိုက်ပျိုးထုတ်လုပ်သူများအား အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး အစီအစဉ်အရ အလာဘားမား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ မြောက် ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားနှင့် ဗာဂျီးနီးယားပြည်နယ်များမှ စိုက်ပျိုးထုတ်လုပ်သူများကို ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: USA