USA

အစားအစာနှင့် အာဟာရပြည့်အစားအစာများ ဘေးကင်းလုံခြုံရေးအတွက် အမေရိကန်စိုက်ပျိုးရေး ဝန်ကြီးဌာနက ဒေါ်လာ(၄၆) သန်းရင်းနှီးမြှုပ်နှံမည်

Last Updated:

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံတွင်းအရှိ အခွင့်အလမ်းနည်းပါးသည့် လူမှုအသိုက်အဝန်းရှိပြည်သူများအတွက် အစားအစာနှင့် အာဟာရပြည့်အစားအစာများ ဘေးကင်းလုံခြုံမှုရှိစေရန် အမေရိကန်ဒေါ်လာ (၄၆)သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး အစီအစဉ်တွင်အကျုံးဝင်သည့် မိသားစုများအတွက် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ အမျိုးသားအစားအစာ ဘေးကင်းလုံခြုံရေးနှင့် အစားအစာထုတ်လုပ်မှုစနစ်တို့ကို ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းအစားအစာ ထုတ် လုပ်မှုစနစ်တစ်ခုလုံး ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဤရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်သည့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ဝင်ငွေနည်းပါးသည့် လူမှုအသိုင်းအဝန်းအတွင်း အစားအစာများကို လက်လှမ်းမီရရှိနိုင်စေရန်၊ အစားအစာဘေးကင်းလုံခြုံရေးအတွက် ဒေသခံလူမှုအသိုက်အဝန်းအကြား ပူးဆောင်ရွက်မှု တိုးတက်လာစေရန်နှင့် ဒေသတွင်းအစားအစာထုတ်လုပ်မှုလုပ်ငန်းများအကြား ချိတ်ဆက်ဆောင်ရွက်ပေးရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန)

သုံးသပ်တင်ပြချက်

အမေရိကန်အစိုးအနေဖြင့် ၎င်း၏မူဝါဒဖြစ်သည့် “Invest in America” အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်လာစေရန် ဖိတ်ခေါ်လျက်ရှိသကဲ့သို့ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ၏လုပ်သားအင်အားအရေးပါမှုကို အသိအမှတ်ပြုလျက် ကုန်ထုတ်လုပ်မှုများဖွံ့ဖြိုးတိုးတက်ရန် အတွက် အခြေခံကျသည့် ဈေးသက်သာသောလျှပ်စစ်ဓာတ်အားများ ပံ့ပိုးပေးခြင်းနှင့် အဆင့်မြင့် နည်းပညာအသုံးပြုနိုင်မှုတို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်လွယ်ကူမှု တွင် အဆင့်(၆)အထိရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထို့အပြင် အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း Technology Hub နှင့် Workforce Hub များ တည်ထောင်ဖွင့်လှစ် လျက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးခြင်းနှင့် လစာကောင်းသည့်အလုပ်အကိုင်များ ရရှိစေရန် ချိတ်ဆက်ပေးခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေးဦးဆောင်နိုင်ငံအဖြစ်ရပ်တည်နိုင်ခြင်း ဖြစ်ကြောင်း သုံးသပ်ရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: USA