China(Beijing)

မေလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးဆိုင်ရာအချက်အလက်များ

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေး ဆောင်ရွက်ချက်များ ပြန်လည်ကောင်းမွန်လာသည့် အနေအထားမှာ မေလအတွင်း၌လည်း ဆက်လက်တိုးတက်လျက်ရှိပြီး ထုတ်လုပ်မှုအပေါ် ဝယ်လိုအားမှာ တည်ငြိမ် လျက်ရှိကြောင်း၊ အလုပ်အကိုင်ရရှိမှုနှင့် ဈေးနှုန်းများမှာလည်း ယေဘူယျအားဖြင့် တည်ငြိမ်လျက် ရှိကြောင်း၊ ခေတ်မီအသွင်ကူးပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

မေလအတွင်း တရုတ်နိုင်ငံရှိ တန်ဖိုးမြှင့် စက်မှုထုတ်ကုန်များမှာ ၃.၅ ရာခိုင်နှုန်း၊ စားသုံး ကုန်စည်လက်လီရောင်းချမှုမှာ ၁၂.၇ ရာခိုင်နှုန်း၊ ဇန်နဝါရီလမှမေလအတွင်း ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှုမှာ ၄ ရာခိုင်နှုန်း ၊ စားသုံးသူညွှန်းကိန်းမှာ ၀.၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်းနှင့် ထုတ်လုပ်သူ ညွှန်းကိန်းမှာ ၄.၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုမှာ ၀.၅ ရာခိုင်နှုန်း(၃.၄၅ ထရီလီယံယွမ်) မြင့်တက်ခဲ့ကြောင်း၊ မြို့ပြအလုပ်လက်မဲ့နှုန်းမှာ ၅.၂ ရာခိုင်နှုန်း၊ ထုတ်လုပ်မှု PMT မှာ ၄၈.၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ဇန်နဝါရီလမှ မေလအတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၇.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ မေလအတွင်း ဘဏ္ဍာရေးဆိုင်ရာရငွေမှာ ၁၄.၉ ရာခိုင်နှုန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ၀.၁ ရာခိုင်နှုန်း၊ လျှပ်စစ်မီးသုံးစွဲမှု ၅.၂ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်းနှင့် ယွမ်ငွေဖြင့် ချေးငွေ သစ်စီမံမှု (New Yuan-denominated Loans) မှာ ၁,၃၆၀ ဘီလီယံယွမ်ရှိကြောင်း သိရှိရပါသည်။

Source: A look at China's economic data in May - Chinadaily.com.cn

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)