China(Nanning)

တရုတ်နိုင်ငံသည် RCEP အောက်မှ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ပေါင်း (၂၀၀,၀၀၀)ကျော်ကို ထုတ်ပေးခဲ့

Last Updated:

တရုတ်အာဏာပိုင်များသည် ၂၀၂၃ ခုနှစ်၊ မတ်လအထိ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်အောက်မှ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ပေါင်း (၂၀၁၇၀၀) ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးကောင်စီက (၁၀-၅-၂၀၂၃)ရက်နေ့တွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ CO Form များ၏ စုစုပေါင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၈.၄၁) ဘီလီယံရှိပြီး တရုတ်ထုတ်ကုန်များအတွက် အမေရိကန်ဒေါ်လာ (၁၂၆) သန်း အခွန်သက်သာခွင့် ရရှိရန်မျှော်လင့်ထားကြောင်း နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Wang Linjie က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

RCEP သဘောတူညီချက်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင် အသက်ဝင်ခဲ့ကြောင်းနှင့် RCEP အဖွဲ့ဝင်များနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် ကောင်စီသည် စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီခဲ့သည်ဟု Wang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

RCEP ၏ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို လုပ်ငန်းအများအပြားကပိုမိုလက်ခံလာခဲ့ကြပြီး ကမ္ဘာ့ဈေးကွက်တွင် တရုတ်နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုဆောင်ရွက်သည့် ကုမ္ပဏီများအတွက် ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများကို ရရှိစေခဲ့ကြောင်း Wang က ပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံအနေဖြင့် RCEP ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ် စုစုပေါင်း (၄၅,၇၀၀)ကို ထုတ်ပေးခဲ့ပြီး ယခင်နှစ်ထက် (၁၀၅.၅၄) ရာခိုင်နှုန်းတိုးလာ၍ အမေရိကန်ဒေါ်လာ (၁.၆၄)ဘီလီယံခန့် ရှိသည်ဟု Wang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ နန်နင်း

Source: https://english.news.cn/20230426/00de71c8e71f44db83fc3ef727939042/c.html

Category: China(Nanning)