China(Beijing)

ကွမ်းတုန်းပြည်နယ်၏ ကုန်သွယ်မှု ကောင်းမွန်စွာ စီးဆင်းလျက်ရှိ

Last Updated:

ကွမ်းတုန်းပြည်နယ်ရှိ ပုဂ္ဂလိကလုပ်ငန်းများသည် ယခုနှစ်ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ်မှုမြင့်မားစေရေး ကြီးမားစွာဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများအဖြစ် ဆက်လက်ရှိနေကြောင်း ကွမ်းတုန်းပြည်နယ်အကောက်ခွန်၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

အစိုးရနှင့်သက်ဆိုင်မှုမရှိသော ကုမ္ပဏီများ၏ ဇန်နဝါရီလမှ ဧပြီလအထိ ပို့ကုန်နှင့်သွင်းကုန်ပမာဏသည် ၁.၅၃ ထရီလီယံယွမ်    (အမေရိကန်ဒေါ်လာ ၂၂၆.၆၇ ဘီလီယံ) အထက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆.၅ ရာခိုင်နှုန်း ပြည်နယ်၏စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏတွင် ၆၀.၅ ရာခိုင်နှုန်းပါဝင်နေကြောင်းသိရှိရပါသည်။

ကာလတူအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် ကုမ္ပဏီများ၏နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၈၅၄.၄၅ ဘီလီယံယွမ်၊ ပြည်နယ်စုစုပေါင်းပမာဏ၏ ၃၃.၈ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ပါဝင်မှုသည် ၁၃၉.၀၉ ဘီလီယံယွမ်၊ ၅.၅ ရာခိုင်နှုန်း ပါဝင်ကြောင်းသိရှိရပါသည်။

အစိုးရနှင့်သက်ဆိုင်မှုမရှိသောကုမ္ပဏီများ၏ နိုင်ငံခြားကုန်သွယ်မှု အားကောင်းစွာဆောင်ရွက်နိုင်ခဲ့ခြင်းက ပြည်နယ်၏နိုင်ငံခြားကုန်သွယ်မှုပမာဏကိုပထမလေးလအတွင်း၂.၅၂ထရီလီယံယွမ်ရရှိစေခဲ့ပြီး ယခင်နှစ်ထက် ၀.၇ ရာခိုင်နှုန်းသာ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အကြီးမားဆုံးဖြစ်သည့် ကွမ်းတုန်းပြည်နယ်မှနိုင်ငံခြားသို့ ကုန်စည် ၁.၆၈ ထရီလီယံယွမ်ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။ အခြားနိုင်ငံများမှ ကုန်စည်ဝယ်ယူမှုတန်ဖိုးမှာလည်း ၈၄၁.၅ ဘီလီယံယွမ်ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၀.၉ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်းသိရှိရပါသည်။

ကွမ်းတုန်းပြည်နယ်သို့ ကုန်စည်တင်သွင်းမှုပမာဏမှာလည်း စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်းနှင့် ပြည်တွင်းဝယ်လိုအား မြင့်တက်ခြင်းတို့ကြောင့် ဆက်လက်မြင့်တက်လျက်ရှိကာ ပြည်နယ်၏ တင်သွင်းကုန်များတွင် ပထမလေးလအတွင်း သံသတ္တုရိုင်း ၂၂.၇ရာခိုင်နှုန်း၊ ကျောက်မီးသွေး၂၇.၆ရာခိုင်နှုန်း၊ရေနံစိမ်း ၁၃.၄ ရာခိုင်နှုန်း ယခင်နှစ်ကာလတူထက် အသီးသီးမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

ကွမ်းတုန်းပြည်နယ်၏လက်လီသုံးစွဲမှုများလည်း မြင့်တက်လာခဲ့ပြီး ပြည်နယ်တွင်းပုလဲနှင့်ကျောက်စိမ်းတင်သွင်းမှု၂၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါသည်။ပထမလေးလကာလအတွင်း ကျောက်မျက်ရတနာတင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် ၆.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ကွမ်းတုန်းပြည်နယ်ရှိ ကုမ္ပဏီများသည် နှစ်များစွာကြိုးပမ်းအားထုတ်ပြီးနောက် ကမ္ဘာ့ဈေးကွက်တွင်းဝင်ရောက်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းသိရှိရပါသည်။

ကွမ်းတုန်းပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုတွင် အာဆီယံနိုင်ငံများသည် ၎င်း၏အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး ဥရောပသမဂ္ဂမှာ ၇.၈ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကာ ပထမလေးလတွင်ယခင်နှစ်ထက် ၀.၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Belt and Road နိုင်ငံများနှင့် ၉.၈ ရာခိုင်နှုန်းရှိပြီး စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု၏ ၂၉.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ RCEPနိုင်ငံများမှ ပို့ကုန်၊သွင်းကုန်ပမာဏသည် ဇန်နဝါရီလမှ ဧပြီလအတွင်း ယခင်နှစ်ကာလတူထက် ၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

လက်တင်အမေရိကနိုင်ငံများဖြစ်သည့် ဘရာဇီး၊ချီလီနိုင်ငံများနှင့်ကုန်သွယ်မှုမှာလည်း ပထမလေးလအတွင်း ၃၀.၇ ရာခိုင်နှုန်းနှင့် ၄.၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: Guangdong province rides trade wave - Chinadaily.com.cn

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)