China (HongKong)

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း Saola ဟောင်ကောင်ဒေသသို့ ချဉ်းကပ်လာ

Last Updated:

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် မွန်းလွဲ ၃ နာရီနှင့် ၅ နာရီအကြားတွင် အပူပိုင်းပိုင်း တိုင်ဖွန်းမုန်တိုင်း Saola လေတိုက်နှုန်း အဆင့် ၃ (T3) ဖြင့် ဟောင်ကောင်ဒေသသို့ ချဉ်းကပ် ဝင်ရောက်လာဖွယ်ရှိသည်ဟု မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့မှ ပြောကြားပါသည်။

သောကြာနေ့တွင် မုန်တိုင်း၏ လေတိုက်နှုန်း အဆင့် ၈ (T8) သို့မဟုတ် ၁၀ (T10) အဖြစ် ပြောင်းလဲသွားပါက စတော့ဈေးကွက်နှင့် ကျောင်းများ ပိတ်နိုင်ပြီး သယ်ယူပို့ဆောင်ရေး အများစုကိုလည်း ကန့်သတ်တားမြစ်ထားဖွယ်ရှိပါသည်။ ထိုကဲ့သို့ မုန်တိုင်းဝင်ရောက်မှုကြောင့် ဟောင်ကောင်ဒေသ၏ ပုံမှန်လှုပ်ရှားသွားလာမှုများ ကန့်သတ်ထားခြင်းမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ပါသည်။

Saola မုန်တိုင်းသည် သောကြာနှင့် စနေနေ့တို့တွင် ဟောင်ကောင်ဒေသနှင့် အနီးဆုံးသို့ ဖြတ်သန်းဝင်ရောက်နိုင်ပြီး ကွမ်တုန်းကမ်းခြေ၏ ရာသီဥတုမှာ ဆိုးရွားနိုင်ကြောင်း မုန်တိုင်းစောင့်ရေးအဖွဲ့မှ ပြောကြားပါသည်။

လာမည့်သီတင်းပတ်အတွင်း ဟောင်ကောင်ဒေသ၌ ရာသီဥတု ပူနွေးစိုစွတ်မည်ဖြစ်ပြီး၊ လေဖိအားနည်းရပ်ဝန်း ကျယ်ပြန့်သောကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း တစ်လျှောက်တွင် လာမည့်သီတင်းပတ် အစောပိုင်းတွင် မိုးရွာသွန်းမှုများ ရှိနေမည်ဖြစ်ကြောင်းနှင့် အခြားအပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Haikui မှာ ဂျပန်နိုင်ငံ  Ryukyu ကျွန်းများဆီသို့ ဦးတည်ရွေ့လျားနေကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ခန့်မှန်းပြောကြားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)