China(Nanning)

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် သွင်းကုန်၊ ပို့ကုန်များအပေါ် စည်းကြပ်ခွန်များ ချိန်ညှိမည်

Last Updated:

တရုတ်နိုင်ငံသည် သွင်းကုန်နှင့် ပို့ကုန်များအပေါ် ကောက်ခံသည့်အခွန်နှုန်းထားများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ ချိန်ညှိမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

ကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်အရ တရုတ်နိုင်ငံသည် ကုန်စည် (၁၀၁၀) မျိုး အပေါ်တွင် Most-Favored Nation Rates (MFN) ထက်နည်းသော သွင်းကုန်ခွန်များကို ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံသည် နိုင်ငံအတွင်း၌ ရှားပါးသောကုန်ကြမ်းများ၊ အဓိကျသည့် စက်ကိရိယာများနှင့် အစိတ်အပိုင်းများ၊ ကင်ဆာရောဂါအချို့နှင့် ရှားပါးရောဂါများကို ကုသရန်အတွက် ဆေးဝါးများနှင့် ကုန်ကြမ်းများ၊ ကျန်းမာရေးအထောက်အကူပြု အစားအစာနှင့် စိုက်ပျိုးရေးထွက်ကုန်အချို့ကို သွင်းကုန်ခွန်လျှော့ချမည် သို့မဟုတ် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် သန့်စင်ပြီးအလူမီနီယံအပေါ် ပို့ကုန်ခွန် လျှော့ချမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်စဉ်က ကတိကဝတ်ဘောင်အတွင်းမှ ethylene၊ propylene နှင့် liquid crystal glass substrates အချို့အပေါ် သွင်းကုန်ခွန်များကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်နှင့် ဦးစားပေးကုန်သွယ်မှုအစီအစဉ်များအရ ဈေးကွက်ပိုမိုဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း (၃၀) မှ အချို့သော ကုန်ပစ္စည်းများအပေါ် လာမည့်နှစ်တွင် သမရိုးကျအကောက်ခွန်နှုန်း (conventional tariff rates) ကို ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ပြီး စာလွှာဖလှယ်မှုပြီးမြောက်သော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို လာမည့်နှစ်တွင် အကောက်ခွန်သက်သာကင်းလွတ်ခွင့်များ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source:https://english.www.gov.cn/news/202312/21/content_WS65840318c6d0868f4e8e26 a1.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)