India (Delhi)

အိန္ဒိယအစိုးရက ပဲမျိုးစုံလက်လီရောင်းချသူများကို ဈေးနှုန်းလျှော့ချရန် တောင်းဆိုထား

Last Updated:

အိန္ဒိယအစိုးရက ပဲမျိုးစုံဈေးနှုန်းလက်ကားဈေး ကျဆင်းမှုနှင့်အတူ လက်လီရောင်းချသည့် လုပ်ငန်းရှင်များကိုလည်း ဈေးနှုန်းလျှော့ချရန် မကြာသေးမီကပြုလုပ်သည့် အစည်းအဝေးတွင် အကြံပြုခဲ့ကြောင်း၊  ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ စားတော်ပဲ စသည့်ပဲမျိုးစုံ၏ လက်ကား ဈေးနှုန်းသည် လွန်ခဲ့သည့်နှစ်လအတွင်း ၅-၂၀ ရာခိုင်နှုန်းထိ  ကျဆင်းသွားသော်လည်း လက်လီ ဈေးနှုန်းများမှာ အမြင့်ဈေးတွင် ဆက်လက်တည်ရှိနေကြောင်း သိရှိရသည်။

အစားအသောက်နှင့် စားသုံးသူရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများသည် ပဲမျိုးစုံလက်လီ ဈေးနှုန်းများ မကျဆင်းသည့်အတွက် လုပ်ငန်းရှင်များနှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြကြောင်း၊  လုပ်ငန်းရှင်အချို့၏ ပြောကြားချက်အရ အိန္ဒိယအစိုးရသည် ပဲမျိုးစုံ လက်လီရောင်းချသူများအား  တတ်နိုင်သလောက် စျေးနှုန်းချိုသာစွာဖြင့်ရောင်းချရန်၊ ၁၅ - ၂၀ % အထိ လျှော့ချနိုင်ရေး ရည် မှန်းဆောင်ရွက်ရန်နှင့် လက်လီဈေးနှုန်းများမလျှော့ပါက အစိုးရအနေဖြင့် အထောက်အပံ့ပေး ရောင်းချလျက်ရှိသည့်  Bharat အမှတ်တံဆိပ် ပဲမျိုးစုံကို ဈေးကွက်တွင် တိုးမြှင့်ရောင်းချရန် ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း သိရှိရသည်။

မိုးရာသီ ပဲသီးနှံထွက်ရှိမှု ကောင်းမွန်ရန်မျှော်လင့်ထားခြင်းနှင့် စားတော်ပဲနှင့် ကုလားပဲ အများအပြားတင်သွင်းမှု အားကောင်းခြင်းတို့သည် ပဲမျိုးစုံဈေးနှုန်းများ သက်သာလာစေရန် အကူ အညီဖြစ်စေခဲ့ကြောင်း၊  ကုလားပဲမှလွဲ၍ အခြားသောပဲမျိုးစုံဈေးနှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ် ပါက ကျဆင်းလျက်ရှိပါကြောင်း၊  ပြီးခဲ့တဲ့ နှစ်လတာကာလအတွင်း ပဲစင်းငုံဈေးနှုန်းမှာ တစ်ကီလို လျင် ၁၅-၂၀ ရူပီးခန့် ကျဆင်းခဲ့ကြောင်း၊  ယခုအချိန်ထိ  ပဲစင်းငုံ စိုက်ခင်းများ၏ အခြေအနေမှာ အနည်းငယ်နှောင့်နှေးမှုများရှိသော်လည်း  ပြီးခဲ့တဲ့သုံးနှစ်မှလေးနှစ်ကာလအတွင်း၌ အကောင်း ဆုံးအနေအထားဖြစ်ပါကြောင်း၊ ဆောင်းရာသီဟင်းသီးဟင်းရွက်များ စျေးသက်သာစွာရရှိနိုင်ခြင်း ကြောင့် ဈေးကြီးသော ပဲမျိုးစုံဝယ်လိုအားကို ကျဆင်းစေခဲ့ကြောင်း မဟာရက်ရှ်ထရာ ပြည်နယ်မှ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားထားသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံမှ အဓိကတင်ပို့လျက်ရှိသော ပဲတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံ၏ မိုးရာသီပြည်တွင်းအထွက်နှုန်းကောင်းမွန်မည်ဟု မျှော်လင့်ထားရှိမှုအခြေအနေနှင့် အစိုးရက ပဲမျိုးစုံဈေးနှုန်းများကျဆင်းရေး ထိန်းကြောင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့အား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Source: Govt asks retailers to lower price of pulses, The Economic Times, 22 December, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့။

Category: India (Delhi)