China(Nanning)

တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (CAFTA version 3.0) ညှိနှိုင်းဆွေးနွေးမှုကို အမြန်ဆုံး အပြီးသတ်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ထား

Last Updated:

တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (China-ASEAN FTA) version 3.0 ကို တတ်နိုင်သမျှ အမြန်ဆုံး အပြီးသတ်နိုင်ရေးအတွက် တရုတ်နိုင်ငံသည် အာဆီယံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဒုတိယဝန်ကြီး   Mr. Wang Shouwen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်နှင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တို့အပေါ် အခြေခံ၍ အာဆီယံနှင့် ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ခြင်းကို ထပ်မံအဆင့်မြှင့်တင်ရန် ရည်ရွယ်ကြောင်း Zhejiang ပြည်နယ်၊ ဟန်ကျိုးမြို့၌ ပြုလုပ်ခဲ့သော ပဉ္စမအကြိမ် CAFTA version 3.0 နှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲ အဖွင့်အခမ်းအနားတွင် Mr. Wang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် တစ်ဝက်တစ်ပျက်ကုန်ချောများ ကုန်သွယ်မှု၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များတွင် အာဆီယံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားရန်ဆန္ဒရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၉) ရက်နေ့မှ ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နှစ်ဖက်တာဝန်ရှိသူများ (၄၀၀) ဦးနီးပါး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20240131/1d10a9a5788a470f87b4393c67fe9d70/c.html   

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး)

Category: China(Nanning)