China (HongKong)

AEOI တွင် ထည့်သွင်းပါဝင်သည့် နိုင်ငံ/ဒေသများ ဟောင်ကောင်ဒေသ ပြင်ဆင်သတ်မှတ်

Last Updated:

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD) ၏ အကြံပြုချက်နှင့်အညီ ဟောင်ကောင်ဒေသ၏ ပြည်တွင်းအခွန်ဥပဒေအောက်မှ automatic exchange of financial account information in tax matters (AEOI) တွင် ပါဝင်သည့် နိုင်ငံ/ ဒေသများ စာရင်းကို ပြင်ဆင်ကြောင်း ဟောင်ကောင်ဒေသအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်ဟု “HK updating tax jurisdictions” ခေါင်းစဉ်ဖြင့် အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါ ပြင်ဆင်မှုတွင် AEOI ဖလှယ်ရေးအတွက် မလုပ်ဆောင်ရသေးသည့် နိုင်ငံ/ ဒေသများဖြစ်သည့် Bahrain ၊ Belize ၊ Marshall Islands ၊ Montserrat ၊ Nauru ၊ Niue၊  Saint Vincent & the Grenadines ၊ Seychelles  နှင့် Trinidad & Tobago တို့ကို စာရင်းမှ ဖယ်ထုတ်ခဲ့ပြီး၊ AEOI တွင် ဖလှယ်ရေးလုပ်ဆောင်ပြီးဖြစ်သော နိုင်ငံ/ ဒေသ (၁၁) ခုဖြစ်သည့် အဇာဘိုင်ဂျန်၊ အီကွေဒေါ၊ ဂျမေကာ၊ ကာဇတ်စတန်၊ ကင်ညာ၊ မော်လ်ဒိုက်၊ နိုင်ဂျီးရီးယား၊ အိုမန်၊ ပါကစ္စတန်၊ ပီရူးနှင့် ထိုင်းနိုင်ငံတို့ကို ဖလှယ်ရေးစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် အကောက်ခွန်ဆိုင်ရာ ပွင့်လင်းမြင်သာမှုမြှင့်တင်ရေးနှင့် နယ်စပ်ဖြတ်ကျော် အခွန်ရှောင်ရှားမှု တိုက်ဖျက်နိုင်ရန်အတွက် OECD ထောက်ခံချက်ဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ အခြားနိုင်ငံ/ဒေသများနှင့် AEOI ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ AEOI ဖလှယ်ရေးဆောင်ရွက်ပြီးစီးသည့် နိုင်ငံ/ဒေသများကို AEOI စာရင်းတွင် ထည့်သွင်းသင့်သည်ဟု ပြီးခဲ့သည့် ဟောင်ကောင်ဒေသ၏ AEOI ဥပဒေမူဘောင် ပြန်လည်သုံးသပ်ချက်တွင် OECD မှ အကြံပြုထားခဲ့ကြောင်းနှင့် အဆိုပါ အကြံပြုချက်နှင့်အညီ ဟောင်ကောင်ဒေသအနေဖြင့် နိုင်ငံ/ ဒေသများနှင့် AEOI ဖလှယ်ရေးဆက်ဆံရေး ဆောင်ရွက်ပြီးစီးမှုနှင့်အညီ ပါဝင်သည့် စာရင်းကို ပုံမှန်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဟောင်ကောင်ဒေသသည် နိုင်ငံတကာ အကောက်ခွန် စံချိန်စံညွှန်းနှင့်အညီ အခွန်ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်သွားနိုင်မည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ၂၀၂၄ ပြည်တွင်းအခွန်ဥပဒေ (Amendment of Schedule 17E) ကြေညာချက်ကို မေလ ၃ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး၊ မေလ ၈ ရက်နေ့တွင် ဥပဒေပြုကောင်စီ၌ ဆွေးနွေးရန် တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးခြင်းပြီးစီးမှုအပေါ် မူတည်၍ ဥပဒေပြင်ဆင်ချက်သည် လာမည့်နှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်သက်ဝင်နိုင်ဖွယ်ရှိကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)