China(Nanning)

တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် ပြည်ပကုန်သွယ်မှု မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် ပြည်ပကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်၊ ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ (၂၅၁.၀၃) ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁.၄) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက် အလက်များအရ သိရှိရပါသည်။

တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၇၂.၂) ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလထက် (၀.၄) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ထို့အတူ တရုတ်၏ လယ်ယာထွက်ကုန်ပစ္စည်း တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ (၁၇၈.၈၃) ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလထက် (၁.၈) ရာခိုင်နှုန်း တိုးလာသည်ဟု ကိန်းဂဏန်းအချက်အလက်များက ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ကဏ္ဍတွင် ကုန်သွယ်မှုလိုငွေသည် အမေရိကန်ဒေါ်လာ ၁၀၆.၆၃ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၂.၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source:https://english.news.cn/20231101/502d4ee399184904905077c9525ae502/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)