Phillippines

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အီးယူနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အား မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာသွားနိုင်မည်ဟု မျှော်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် အီးယူနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အား မကြာမီကာလအတွင်း ထုတ်ပြန်ကြေညာသွားနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique Manalo မှ ၃-၄-၂၀၂၄ ရက်နေ့က မဲလ်ဘုန်းအခြေစိုက် AFP  သတင်းမီဒီယာ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ပါသည်။

အရှေ့တောင်အာရှနိုင်ငံများ၏ ကုန်သွယ်မှုသည် တရုတ်နိုင်ငံအပေါ်တွင် ကြီးမားစွာတည်မှီနေပြီး  အခြားသော နိုင်ငံများနှင့်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့ဆောင်ရွက်လိုပါကြောင်း နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အီးယူနှင့် လွတ်လပ် သောကုန်သွယ်ရေး သဘောတူညီချက် စတင်နိုင်တော့မည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များဆိုင်ရာ ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိပါကြောင်း၊ ယခင် သမ္မတဟောင်း ဒူတာဒေး လက်ထက်က လူအသေအပျောက်များပြားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲများ ကြောင့် ဖိလစ်ပိုင်နိုင်ငံနှင့် အီးယူကြား ညှိနှိုင်းချက်များမှာ ဆယ်စုနှစ်နီးပါးခန့် ရပ်တန့်ခဲ့ရပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တိုင်းပြည်၏စီးပွားရေးကို ရည်ရှည်တည်ငြိမ်မှုရှိစေရေး ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားရန်မှာလည်း အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် စီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ စီးပွားရေးတိုးတက်လာခြင်းက နိုင်ငံ့လုံခြုံရေးကိုလည်း ထောက်ပံ့ပေးနိုင်ကြောင်း၊ ဖိလစ်ပိုင်နှင့်အီးယူကြား စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်းအား တိုးမြှင့်သွားမည်ဖြစ်ပြီး အထူးသဖြင့် သတ္ထုလုပ်ငန်း ကဏ္ဍတွင်ဖြစ်ကြောင်း၊ လက်ရှိအသုံးပြုလျက်ရှိသော ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) တလျှောက် သာမက အခြားသောလုပ်ငန်းစဉ်များတွင်လည်း ယခုထက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

အီးယူမှ ဖိလစ်ပိုင်နိုင်ငံသို့ ပေးအပ်လျက်ရှိသည့် EU-GSP(+) Scheme မှာ ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သဖြင့် နောက်ထပ်သက်တမ်းတိုးရရှိရေး ညှိနှိုင်းနေဆဲဖြစ်ပါသဖြင့် ယခု ပြောကြားချက်အရ သက်တမ်းတိုး ပြန်လည်အသက်ဝင်တော့မည်ဟု ခန့်မှန်းပါကြောင်း၊ EU GSP+ Schemeအား နောက်ထပ် (၄) နှစ် သက်တမ်းတိုးခြင်းသည် ဖိလစ်ပိုင်ပို့ကုန်လုပ်ငန်းရှင်များအတွက် များစွာအကျိုးကျေးဇူးရရှိစေမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံထုတ်ကုန်ပစ္စည်းများအား EU GSP+Schemeအရ သွင်းကုန်ခွန်ကင်းလွတ်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် အီးယူနိုင်ငံများသို့ တင်ပို့နိုင်မည် ဖြစ်ပါသည်။

 

 

 

 

 

Source; https://www.philstar.com/headlines/2024/03/04/2338019/philippines-hopes-launch-eu-free-trade-negotiations-very-soon

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: Phillippines