Phillippines

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ အွန်လိုင်းရောင်း/ဝယ်မှုဥပဒေဆိုင်ရာ နည်းဥပဒေ နှင့် စည်းမျဉ်းများကို ၁၉-၃-၂၀၂၄ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အွန်လိုင်းရောင်း/ဝယ်မှု ဥပဒေဆိုင်ရာ နည်းဥပဒေနှင့် စည်းမျဉ်းများကို ၁၉-၃-၂၀၂၄ ရက်နေ့တွင် အချိန်မီ အပြီးသတ် ရေးဆွဲပြဋ္ဌာန်းသွားရန် မျှော်မှန်းထားကြောင်း သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ပါသည်။

စားသုံးသူနှင့်ကုန်သည်များကြား အင်တာနက်၊ အွန်လိုင်းများမှအရောင်း/အဝယ်ပြုလုပ်ရာတွင် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူကာကွယ်စေရေးတို့အတွက် ရည်ရွယ်ပြီး Internet Transactions Act (ITA) အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက သမ္မတမားကို့စ်မှ သဘောတူလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေပြဋ္ဌာန်းချက်အရ ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနမှတဆင့် e-commerce bureau မှ အစိုးရနှင့် စားသုံးသူများမှ အွန်လိုင်းမှ အရောင်း/အဝယ်ခြင်းဆိုင်ရာ အချက်အလက်များကို အလွယ်တကူချိတ်ဆက်ရယူနိုင်ရန် ဒေတာဘေ့စ် တည်ဆောက်ထားပါသည်။

e-commerce bureau သည် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရဌာနများကြား အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စားသုံးသူများ၏ အွန်လိုင်းမှတဆင့် တိုင်ကြားမှုများအပေါ် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှလည်း စောင့်ကြည့်ဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်းချက်တွင် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းမှတဆင့် အရောင်း/အဝယ် ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် တိုင်ကြားမှုများ၊ မညီမျှမှုဖြစ်စဉ်များအား တာဝန်ယူဖြေရှင်းသွားရန်နှင့် အရေးယူမှုများကိုလည်း ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာများ ပေးအပ်ထားပါကြောင်း၊ ထို့ပြင်လုပ်ငန်းများအား အမည်မဲစာရင်း ရေးသွင်းခြင်းကိုလည်း ပြုလုပ်နိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

အွန်လိုင်းမှ အရောင်း/အဝယ်ပြုလုပ်မည့် ကုန်သည်များ၊ လက်လီရောင်းချသူများ၊ ဈေးများနှင့် ဒီဂျီတယ်ပလက်ဖောင်းများတွင် ပါဝင်လုပ်ကိုင်မည့်သူများ၏ ရရန်ပိုင်ခွင့်များကိုလည်း ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထို့ပြင် ပြစ်မှု/ပြစ်ဒဏ်၊ ဒဏ်ကြေးများလည်း ပါဝင်ပြီး ဥပဒေနှင့်အညီ အွန်လိုင်းဈေးအား တည်ဆောင်ထားခြင်းဖြစ်သဖြင့် ယုံကြည်မှုရှိပါကြောင်း ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

အင်တာနက်၊ အွန်လိုင်းမှတစ်ဆင့် အရောင်း/အဝယ်ပြလုပ်ခြင်းများအတွက် လုံခြုံ၊ စိတ်ချရမှုရှိစေရန်၊ ရောင်းချသည့်ပစ္စည်း၏ အရည်အသွေး၊ ဈေးနှုန်းတို့အပေါ်တွင် အပြည့်အဝ ကာကွယ်ပေးနိုင်ရန် e-commerce Philippines trustmark အား အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့မှ အွန်လိုင်မှရောင်းချမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ယုံကြည်စိတ်ချရမှု အာမခံချက်များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါ သည်။       

 

 

Source; https://www.philstar.com/business/2024/03/02/2337356/dti-eyes-completion-ita-irr-march-19

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines