Thailand

ထိုင်းနိုင်ငံ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Global Power Synergy Plc (GPSC) သည် အိန္ဒိယရှိ နေရောင်ခြည်စွမ်းအင် Firm အတွက် ဘတ် ၂.၅ ဘီလီယံလျာထား

Last Updated:

ထိုင်းနိုင်ငံအများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော GPSCသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကိုမြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံရှိနေရောင်ခြည်စွမ်းအင်ထုတ်လုပ်သူ Avaada Energy Private ၏ ရန်ပုံငွေထဲသို့ ဘတ် ၂.၅ ဘီလီယံ ထည့်ဝင်သွားမည်ဖြစ်ကြောင်း GPSC ၏ ဥက္ကဋ္ဌ ဖြစ်သူ Worawat Pitayasiri က ပြောကြားခဲ့ပါသည်။

GPSC သည် Avaada Energy Private ၏ ရှယ်ယာတွင် ၄၂.၉၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါကြောင်း၊ Avaada Energy Private သည် အိန္ဒိယတွင် နေရောင်ခြည်စွမ်းအင် စီမံချက် ၃ ခုအတွက် တင်ဒါအောင်မြင်ထားပါကြောင်း၊ နေရောင်ခြည်စွမ်းအင်စီမံချက်များသည် ၄၂၁ မီဂါဝက်ဒ်၊ ၅၆၀ မီဂါ ဝက်ဒ် နှင့် ၂၀၀ မီဂါဝက်ဒ် အသီးသီး ထုတ်လွှတ်သွားမည်ဖြစ်ကြောင်း၊ ၂၀၀ မီဂါဝက်ဒ် နေရောင်ခြည်စွမ်းအင် စီမံချက်အတွက် ဓာတ်အားခ ၂.၇၅ ရူပီးဖြင့် တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း ၎င်းကဆိုပါသည်။

Farm များကို ၁၈ လအတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ပြီး စွမ်းအင်ဝယ်ယူရေး စာချုပ်သည် ၂၅ နှစ် ဖြစ်ပါကြောင်း၊ ၂၀၀ မီဂါဝက်ဒ် နေရောင်ခြည်စွမ်းအင်စီမံချက်မှနှစ်စဉ် Kilowatt-hours ၃၇၀ သန်း ထုတ်လွှတ်သွားမည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု ၃၄၄,၄၇၀ တန် လျော့ပါးသွားစေရန်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားပါသည်။

ယခုဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်စီမံချက်များသည် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ထုတ်လုပ်ရာ၌ လောင်စာဆီသုံးစွဲခြင်းထက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲမှုအချိုးကို ၅၀ ရာခိုင်နှုန်းထိ တိုးမြင့်လိုသည့် GPSC ၏ ရည်မှန်းချက်ဖြစ်ကြောင်း ဆိုပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source : www.bangkok.com       

Category: Thailand