Thailand

ထိုင်းနိုင်ငံ၌ ဝက်သားနှင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် အောက်တိုဘာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ ဝက်သားဈေးနှုန်း ကျဆင်းခဲ့ခြင်းသည် အောက်တိုဘာအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းခဲ့ခြင်း၏ အချက်တစ်ချက်ဖြစ်ကြောင်း၊ စွမ်းအင်ဈေးနှုန်းကျဆင်းခဲ့ခြင်းနှင့် အထောက်အပံ့ပေးသည့် အစီအစဉ်များကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် ၀.၃၁ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါသည်။

အစားအသောက်ဈေးနှုန်းများ အထူးသဖြင့် ဝက်သားဈေးနှုန်းသည်၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အသင့်စားအစားအစာများ၏ ဈေးနှုန်းများ ၀.၂ ရာခိုင် နှုန်းမြင့်တက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းသည် ကျဆင်းနေဆဲဖြစ်သောကြောင့် စီးပွားရေးအပေါ် သက်ရောက်မှု ကောင်းမွန်ပါကြောင်း၊ စီးပွားရေးတည်ငြိမ်မှုအပိုင်းတွင် ပြည်သူ့ကြွေးမြီသည် GDP ၏ ၆၂.၁ ရာခိုင်နှုန်းဖြစ်သဖြင့် ဘဏ္ဍာရေးမူဘောင်ပါ သတ်မှတ်ချက် ၇၀ ရာခိုင်နှုန်းအောက် နည်းနေသေးပါကြောင်း၊ ပြင်ပအခြေအနေသည်လည်း တည်ငြိမ်နေဆဲဖြစ်ပြီး နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အရန်ဘဏ္ဍာတွင် အမေရိကန် ဒေါ်လာ ၂၁၁ ဘီလီယံ ရှိပါကြောင်း ရင်းမြစ်က ဆိုပါသည်။

ဝက်သားများ မှောင်ခိုတင်သွင်းလာမှုသည် ပြည်တွင်းစက်ရုံများကို အဓိက ခြိမ်းခြောက်နေမှုဖြစ်ကြောင်း၊ မှောင်ခိုဝက်သားများသည် ထိုင်းနိုင်ငံထက် တိရစ္ဆာန်အစားအစာ ကုန်ကျစရိတ်နှင့်ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသည့် အာဂျင်တီးနားနှင့် ဘရာဇီးကဲ့သို့သော တောင်အမေရိကနိုင်ငံများမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ တရားမဝင် ဝက်များနှင့် ဝက်သားထုတ်ကုန်များဖမ်းဆီးရမိသည့် စာရင်းအရ ၂၀၂၁ ခုနှစ်တွင် ဝက်သားထုတ်ကုန် အလေးချိန် ၂၃၆,၀၀၀ ကီလိုဂရမ် တင်သွင်းလာသူ ၁၄ ဦး၊ ၂၀၂၂ ခုနှစ်တွင်  ဝက်သားထုတ်ကုန် အလေးချိန် ၄၃၁,၀၀၀ ကီလိုဂရမ် တင်သွင်းလာသူ ၂၅  ဦးနှင့် ယခုနှစ်တွင် ဝက်သားထုတ်ကုန် အလေးချိန် ၄.၇၇ သန်း ကီလိုဂရမ် တင်သွင်းလာသူ ၁၈ ဦး ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand