Thailand

ထိုင်းငါးဖမ်းသူများကြုံတွေ့နေရသော ဥပဒေကန့်သတ်ချက်များအပေါ် ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းဖြင့် အကျိုးရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

တင်းကျပ်လွန်းသော လုပ်ထုံးလုပ်နည်းများကြောင့် ထိုင်းနိုင်ငံ ငါးဖမ်းသမားများ၏ အသက်မွေး ဝမ်းကျောင်းများတွင် ထိခိုက်လာကြောင်း ပြောကြားချက်များအရ စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ငါးဖမ်းဥပဒေအား ပြင်ဆင်ချက်ကို အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

ပင်လယ်ငါးဖမ်းကော်မတီဥက္ကဋ္ဌက ဥပဒေမူကြမ်း‌ရေးဆွဲပြီးဖြစ်ကြောင်း၊ ကော်မတီတွင် တင်ပြအကြံပြုချက်များ တောင်းခံပြီးနောက် အစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ချက်တွင် မမျှတသည့် အမိန့်များကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူနေစဉ်တွင် နိုင်ငံခြားမိတ်ဖက်များနှင့် ထိုင်းအခြေခံမူများကို လက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း ငါးဖမ်းသမားများနှင့် ငါးလုပ်ငန်းရှင်များအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ပြင်ဆင်ချက်ပါ မြေပြင်အခြေအနေနှင့် ကိုက်ညီစေသော တရားမဝင် (Illegal)၊ အစီရင်ခံစာ မတင်ပြမှု (Unreported) နှင့် စည်းကမ်းမဲ့ (Unregulated-IUU) တို့နှင့်စပ်လျဉ်းသည့် စည်းမျဉ်းများအပေါ် အီးယူနှင့် သွားရောက်ဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ အကြံပေးဖြစ်သူ Mr. Plodprasop Suraswadi က ဦးဆောင်မည်ဖြစ်ကြောင်း၊ အီးယူသည် ထိုင်းနိုင်ငံ၏ တောင်းခံချက်အပေါ် လိုက်လျောညီထွေဖြစ်မည်ဟု မျှော်လင့်ပါကြောင်း၊ ရေရှည်တည်တံ့သော ရေလုပ်သားဘဝဖြစ်စေရေးအတွက် ပြန်လည်ထူထောင်ရေးမူဝါဒများ ထိုင်းနိုင်ငံတွင် ရှိပါကြောင်းဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ သည်။

၂၀၁၅ ခုနှစ် IUU ငါးဖမ်းလုပ်ထုံးလုပ်နည်းကြောင့် ငါးဖမ်းလုပ်သားများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသဖြင့် ပြင်ဆင်ချက်အပေါ် အားထားပါကြောင်း၊  အဆောတလျင် ပြဌာန်းထားသည့် ဥပဒေပါပြဌာန်းချက်များ အသက်ဝင်သည့်အခါ ကဏ္ဍများတွင် စိန်ခေါ်မှုများစွာရှိပါကြောင်း၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ အများအပြားကို တရားစွဲဆိုခဲ့ပြီး ငါးဖမ်းသင်္ဘော ၃၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပါကြောင်း၊ ယင်းကြောင့် ရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ် လုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း၊ ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခဲ့သောကြောင့် ရေခဲစက်ရုံများ၊ အအေးခန်းသိုလှောင်ရုံလုပ်ငန်းများ၊ ဆီအရောင်းဆိုင်များ၊ ငါးဈေးကွက်နှင့် ဆိပ်ကမ်းများစသည့် ထောက်ပံ့ကွင်းဆက်တစ်လျှောက် ထိခိုက်ခဲ့ကြောင်း အကြံပေးဖြစ်သူ Mr. Plodprasop Suraswadi က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand