Thailand

ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် မော်တော်ကားပြပွဲမှ ကြိုတင်မှာယူမှု ၃၅ရာခိုင်နှုန်းမြင့်တက်ခဲ့

Last Updated:

ဧပြီလ ၂ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည် 2023 Bangkok International Motor Show တွင် တိုးတက်လာသော စီးပွားရေးနှင့် လျှပ်စစ်ကားများ ကြောင့် ကားနှင့်ဆိုင်ကယ် ကြိုတင်မှာယူမှုသည် တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး  ၄၅,၉၈၃ စီးအထိ ကြိုတင်မှာယူမှု များ ရှိခဲ့ပါသည်။  

စီးပွားရေး ပြန်လည်ဦးမော့လာမှုနှင့် လျှပ်စစ်ကားများကို အရောင်းမြှင့်တင်ရာတွင် အလားအလာရှိသော လျှပ်စစ်ကားဝယ်သူများအတွက် လျှပ်စစ် ကားများ မိတ်ဆက်ရန် လျှပ်စစ်ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို တွန်းအားပေးခဲ့သည့်  ထိုင်းအစိုးရ၏မူဝါဒသည် အဓိကအချက်ဖြစ်ကြောင်း ပြပွဲကို စီစဉ်ခဲ့သည့် Grand Prix International ၏ ဒုတိယဥက္ကဋ္ဌ Jaturon Komolmit က ပြောကြားခဲ့ပါသည်။

မတ်လ ၂၂ ရက်က စတင်ခဲ့သည့် (၄၄) ကြိမ်မြောက် Bangkok International Motor Show သည် ၁၂ ရက်တိုင်တိုင်  ကျင်းပခဲ့ပြီး လာရောက် ကြည့်ရှုလည်ပတ်သူ ၁.၆၂ သန်းရှိခဲ့ရာ ယခင်က လာရောက်လည်ပတ်သူများထက် ၁.၅၇ သန်းထက် တိုးတက်လာခဲ့ပါသည်။

ဝယ်ယူသူများထံမှ ကောင်းမွန်သောတုံ့ပြန်မှုရရှိခဲ့သည့် လျှပ်စစ်ကားများကြောင့် ထိုင်းမော်တော်ယာဉ် စက်မှုလုပ်ငန်းသည် ကြံ့ခိုင်ကြီးထွားလာပါ ကြောင်း၊ ပြပွဲတွင်ဘက်ထရီနှင့် ဆီစွမ်းအင်သုံးကားနှင့် မော်တော်ဆိုင်ကယ်မော်ဒယ်အသစ် စုစုပေါင်း ၅၀ ခန့် ပါဝင်ပြသခဲ့ပါကြောင်း Mr Jaturon က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

လျှပ်စစ်ကားများအတွက်ကြိုတင်မှာယူမှုမှာ ၉,၂၃၄ စီးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၁.၅ရာခိုင်နှုန်း ရှိပါသည်။ အင်ဂျင်အတွင်း လောင်ကျွမ်းစေသော အင်ဂျင်အခြေခံ မော်တော်ကားများကို အစီးရေ ၃၃,၆၅၁ စီးအထိ ကြိုတင်မှာယူသောကြောင့် မှာယူမှု အများဆုံးဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၃၄ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါသည်။

ယခင်နှစ်တွင် ကြိုတင်မှာယူသည့် စုစုပေါင်း ကားအစီးရေ ၃၁,၈၉၆ စီး ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကို ခဲယဉ်းစွာခံခဲ့ရသည့် ၂၀၂၁ ခုနှစ်တွင် မှာယူခဲ့သည့် ၈,၈၄၃ စီး နှင့် ၂၀၂၀ ပြည့်နှစ်တွင် မှာယူခဲ့သည့် ၁၈,၃၉၄ စီးထက် တိုးတက်လာခဲ့ပါသည်။  

2023 Motor Show တွင် မော်တော်ဆိုင်ကယ်များ ကြိုတင်မှာယူမှုမှာလည်း တစ်နှစ်ထက်တစ်နှစ် ၅၆.၇ရာခိုင်နှုန်း တိုးလာကာ အစီးရေ ၃,၀၉၈ စီး ရှိခဲ့ပြီး လျှပ်စစ်မော်တော်ဆိုင်ကယ်မှာယူမှု စုစုပေါင်း ၈၃၇ စီးရှိခဲ့ပါသည်။ ပြည်သူများ၏ ဝယ်ယူမှုစွမ်းအားကို အားနည်းစေသည့် မြင့်မားသောငွေကြေးဖောင်းပွမှု၊ အိမ်သုံးကြွေးမြီများနှင့် ကားဝယ်သူများအတွက် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၏ တင်းကြပ်သော ချေးငွေအခြေအနေများကြောင့်  ပြည်တွင်းမော်တော်ကား စက်မှုလုပ်ငန်းအတွက် စိုးရိမ်မှုရှိကြောင်း နိုင်ငံတကာကားထုတ်လုပ်သူ အများအပြားက ထုတ်ဖော်ပြောဆို ကြပါသည်။

အပြုသဘောဆောင်သည့်ဘက်တွင် ကြည့်မည်ဆိုပါက နှစ်အနည်းငယ်ကြာရှားပါးမှုနှင့် နှိုင်းယှဉ်ပါက နှစ်ရှည်လများခံစားခဲ့ရသည့် ကမ္ဘာလုံးဆိုင်ရာ semiconductors ပြတ်လပ်မှုသည် ယခုနှစ်တွင် သက်သာလာမည်ကို ယုံကြည်ကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) ၏ ဒုဥက္ကဋ္ဌနှင့် FTI မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Mr. Surapong Paisitpatanapong က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် စုစုပေါင်းကားထုတ်လုပ်မှုသည် ယခုနှစ်တွင် အစီးရေ ၁.၉၅ သန်းအထိ မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော အစီးရေ ၁.၈၈ သန်းထက် ၃.၅၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု အသင်းက မျှော်မှန်းထားပါသည်။

Top 10 စာရင်းဝင် မော်တော်ကားအမျိုးအစားအလိုက် ကြိုတင်မှာယူသည့် စာရင်းမှာ TOYOTA - ၆,၀၄၂ စီး၊ HONDA - ၄,၃၀၄ စီး၊ MG - ၃,၉၂၉ စီး၊ SUZUKI - ၃,၈၈၇ စီး၊ GWM- ၃,၁၁၇ စီး၊ ISUZU - ၃,၀၆၄ စီး၊ MAZDA- ၂,၉၈၉ စီး၊ NISSAN - ၂, ၈၀၈ စီး၊ BYD - ၂,၇၃၇ စီးနှင့် FORD - ၁,၆၃၀ စီး ဖြစ်ကြောင်း Grand Prix International ၏ ထုတ်ပြန်ချက်ကို ကိုးကားထားချက်အရ သိရှိရပါသည်။

(စီးပွား‌ရေးသံမှူး၊ ဗန်ကောက်)

Source: www.bangkok.com

Category: Thailand