Thailand

ထိုင်းပို့ကုန်လုပ်ငန်းရှင်များ Free Trade Agreement (FTA) ပါ အကျိုးခံစားခွင့်များကို အသုံးပြုမှု မြင့်မား

Last Updated:

ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနှင့် ဘတ်ငွေအားကောင်းလာမှုတို့ကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ၏ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက် (FTA)ပါ အထူးအခွင့်အရေးများကို အသုံးပြုမှုသည် ဇန်နဝါရီလတွင် မြင့်မား နေဆဲဖြစ်ပါသည်။

ထိုင်းပို့ကုန်လုပ်ငန်းရှင်များသည် အာဆီယံ၊ တရုတ်၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့မှ FTA အထူးအခွင့်အရေးများကို အများဆုံးအသုံးပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၃၉ ဘီလီယံရှိကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

FTA အထူးအခွင့်အရေးများ အသုံးပြုမှုနှုန်းသည် ယခင်နှစ် ဇန်နဝါရီလအောက် ၁.၆၁ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်ဇန်နဝါရီလတွင် ၇၁.၁ ရာခိုင်နှုန်းနှင့် ညီတူညီမျှရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ၏ FTA အထူးအခွင့်အရေးများ အသုံးပြုမှုသည် အမေရိကန်ဒေါ်လာ ၈၄.၆ ဘီလီယံအထိ တိုးမြင့်လာခဲ့ပြီး ယခင်နှစ်ကထက် ၈၂.၁ရာခိုင်နှုန်း နှင့် ညီမျှသော ၁၀.၉ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါသည်။

သဘောတူညီချက်အများအပြားတွင် အသုံးပြုသည့် FTA အထူးအခွင့်အရေးများသည် အလေးချိန်ငါးတန်အောက်ရှိသော ကုန်ပစ္စည်းများ၊ သကြား၊ ဓာတုရော်ဘာထုတ်ကုန်များ၊ လတ်ဆတ်သောဒူးရင်းသီးများ၊ မော်တော်ကား များနှင့် အခြားသော ဒီဇယ်ဆီ သို့မဟုတ် semi-diesel စက်ပစ္စည်းများနှင့် ၂၅၀၀ ကုဗစင်တီမီတာ ကုန်တင်ကားများကို သယ်ယူပို့ဆောင်ခြင်းတို့အတွက် အသုံးပြုမှုမြင့်မားခဲ့သည်ကို တွေ့ရှိရပါကြောင်း နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)  အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် FTA ၁၄ ခု ရှိပါသည်။ အထက် ဖော်ပြပါ FTA အခွင့်ထူးများကို အသုံးပြုမှုသည် မူရင်းအထောက်အထားအတွက် ကိုယ်တိုင်ကြေငြာရန် လိုအပ်သည့် ထိုင်း-နယူးဇီလန် FTA  နှင့် စာချုပ်မတိုင်မီ ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းအများစုအပေါ် စည်းကြပ်ခွန်များ လျှော့ပေါ့ပေးခဲ့သည့် အာဆီယံ-ဟောင်ကောင် FTA တို့ ပါဝင်ခြင်းမရှိခဲ့ပါ။

ယခင်နှစ်က တင်ပို့မှုမြင့်မားခဲ့သည့် အဓိကကုန်ပစ္စည်းများမှာ ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ၊ လတ်ဆတ်သော ဒူးရင်းသီးများနှင့် ကြက်သားတို့ဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ဥရောပသမဂ္ဂ (EU) နှင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် FTA ဆွေးနွေးပွဲများ စတင်ရန် မျှော်မှန်းထားပြီး ဥရောပလွတ်လပ်သော ကုန်သွယ်မှုအသင်း (European Free Trade Association -Efta)၊ ကနေဒါ၊ တူရကီနှင့် သီရိလင်္ကာတို့နှင့် ဆောင်ရွက်ဆဲ FTA  များကို အရှိန်အဟုန်မြှင့်တင်၍ အပြီးသတ်ဆွေးနွေးသွားရန် စီစဉ်ထားပါကြောင်း FTA ညှိနှိုင်းရေး တာဝန်ခံ၊ ကုန်သွယ်မှု ညှိနှိုင်းရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms. Auramon Supthaweethum က ပြောကြားခဲ့ပါသည်။

၂၀၂၃ ညှိနှိုင်းရေးအစီအစဥ်အရ Thai-EU FTA ညှိနှိုင်းမှုအပေါ် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး Efta၊ ကနေဒါ၊ တူရကီနှင့် သီရိလင်္ကာတို့နှင့် ဆိုင်းငံ့ထားသည့် စာချုပ်လေးခုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို အပြီးသတ်သွားမည်ဖြစ်ပါကြောင်း၊ အလားအလာကောင်းသော FTA များ၏ အကျိုးကျေးဇူးများနှင့် သက်ရောက်မှုများကို မိတ်ဖက်အသစ်များနှင့် လေ့လာမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း Ms. Auramon က ဆက်လက်ပြောကြားခဲ့ပါသည်။

EU သည် ဒီမိုကရေစီ ရပ်ဆိုင်းခြင်းဟု ယူဆရသည့်အရာကို ဆန့်ကျင်ကန့်ကွက်သဖြင့် အီးယူနှင့် FTA ညှိနှိုင်းမှုကို ၂၀၁၄ ခုနှစ်တွင် ဆိုင်းငံ့ထားခဲ့ပါသည်။


(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

 

Category: Thailand