China(Nanning)

တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လှုပ်ရှားမှုကို စတင်ခဲ့

Last Updated:

တရုတ်အာဏာပိုင်များသည် အဓိကဆိပ်ကမ်းများတွင် စီးပွားရေးပတ်ဝန်းကျင်ကို ပိုမို ကောင်းမွန်စေရန်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကို ပိုမို တိုးတက်ကောင်း မွန်စေရန်အတွက် ၂၀၂၃ ခုနှစ်အတွက် အထူးလှုပ်ရှားမှုတစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း ရှင်းဟွာ သတင်း၌ ရေးသားဖော်ပြထားပါသည်။ ‌

အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အပါအဝင် အစိုးရအေဂျင်စီ(၆)ခုမှ စတင် လုပ်ဆောင်သည့် အဆိုပါလှုပ်ရှားမှုသည် ပေကျင်း၊ တီယန်ကျင်း၊ ရှန်ဟိုင်းနှင့် ချုံချင့်အပါအဝင် ပြည်နယ်အဆင့်ဒေသကြီး (၁၂)ခုရှိ မြို့ (၁၇)မြို့တွင် ငါးလခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ခေတ်မီဆိပ်ကမ်းများ ဆောက်လုပ်ခြင်းနှင့် ဆိပ်ကမ်းလုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းခြင်းတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများ အဆင့်မြှင့်တင်မှုနှင့် ထွန်းသစ်စလုပ်ငန်းများ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုတို့ကို ပံ့ပိုးပေးနိုင်ရန်အတွက် အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော်အကောက်ခွန်ရှင်းလင်းမှုအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ ဆောင်ရေးကွင်းဆက်များ လုံခြုံချောမွေ့စွာလည်ပတ်နိုင်စေရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်မှုများကို စံချိန်စံညွှန်းသတ်မှတ်ပြီး ကုန်ကျစရိတ်များ လျှော့ချရန်နှင့် နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းများအကြား အမြတ်အစွန်းနှင့် ကျေနပ်အားရမှုတို့ကို မြှင့်တင်ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် မြို့ကြီး (၁၀)မြို့တွင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရန် အထူးလှုပ်ရှားမှုတစ်ရပ်ကို စတင်ခဲ့ကြောင်း၊ အဆိုပါလှုပ်ရှားမှုတွင် စတင် လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်မှု အစီအမံ (၁၀) ခုစလုံးကို ကောင်းမွန်စွာ အကောင် အထည်ဖော်ခဲ့ပြီးဖြစ်သကဲ့သို့ ဒေသဆိုင်ရာ အကောက်ခွန် အာဏာပိုင် များမှ ထုတ်ပြန်ခဲ့သည့် မူဝါဒ (၅၀၁) သည်လည်း ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း သိရှိ ရပါသည်။

 

စီးပွားရေးသံမှူး၊ နန်နင်းမြို့

Source:www.english.news.cn/20230429/2173dd1de7344cc4b12adc6f2e5ed986/c.html

Category: China(Nanning)