Korea

အမေရိကန်ဒေါ်လာတန်ဖိုး အားကောင်းလာသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံ ခြားအရန်ငွေသိုလှောင်ထားရှိမှုပမာဏ လျော့ကျလာ

Last Updated:

၂၀၂၃ ခုနှစ်၊ မေလအတွင်း အမေရိကန်ဒေါ်လာတန်ဖိုးသည် အခြားသောငွေကြေးများနှင့် လဲလှယ်နှုန်းတွင် တန်ဖိုးမြင့်မားလာသည့်အတွက် ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ သိုလှောင်ထားရှိမှုပမာဏ လျော့ကျလာသည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ၅-၆-၂၀၂၃ ရက် နေ့တွင် ထုတ်ပြန်သောစာရင်း၌ ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ မေလကုန်ပိုင်းစာရင်းအရ ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားအရန်ငွေသို လှောင်ထားရှိမှုပမာဏသည် ဧပြီလကထက် အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံလျော့ကျလာပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂၀.၉၈ ဘီလီယံသာရှိပါကြောင်းနှင့်၂၀၂၃ ခုနှစ်၊ ဧပြီလကုန်ပိုင်းစာရင်းအရ ကိုရီးယားသမ္မတနိုင်ငံသည် ကမ္ဘာ့နဝမမြောက် နိုင်ငံခြားအရန်ငွေသိုလှောင်ထားရှိမှု အများဆုံးနိုင်ငံဖြစ်ပါကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါသည်။

 

 

 

Source:  Yonhap News Agency

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea