China (HongKong)

ဟောင်ကောင်ဒေသသည် စီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင်မှုအရှိဆုံး ဈေးကွက် တွင် အဆင့် ၇ ရှိ

Last Updated:

ပထဝီနိုင်ငံရေးအရ အငြင်းပွားမှုဖြစ်ပွားနေသော်လည်း ဟောင်ကောင်ဒေသသည် စီးပွားရေးလုပ်ဆောင်ရန်အတွက် ဆွဲဆောင်မှုအရှိဆုံး အဆင့် ၇ မြောက် ဈေးကွက်ဖြစ်ကြောင်း EIU မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း hong kong business သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် “Hong Kong is 7th most attractive market for businesses: report” ဖြင့် ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပြိုင်ဘက်ဖြစ်သည့် စင်ကာပူနိုင်ငံသည် စီးပွားရေးလုပ်ဆောင်မှု ဝန်းကျင်အဆင့် သတ်မှတ်ချက်တွင် ထိပ်ဆုံးမှနေရာယူနေပြီး၊ ၎င်း၏နောက်တွင် ကနေဒါ၊ ဒိန်းမတ်နှင့် အမေရိကန်နိုင်ငံတို့မှာ အသီးသီးနေရာယူလျက်ရှိကြောင်း၊ အဆင့် ၇ တွင်ရပ်တည်နေသည့် ဟောင်ကောင်ဒေသနောက်တွင်ဂျာမဏီ၊နယူဇီလန်နှင့် ဖင်လန်နိုင်ငံတို့သည် အဆင့် ၈၊ ၉ နှင့် ၁၀ တို့တွင် အသီးသီးရပ်တည်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါ အစီရင်ခံစာသည် နိုင်ငံပေါင်း ၈၂ နိုင်ငံ၏ စီးပွားရေးဝန်းကျင် ဆွဲဆောင်မှုကို သတ်မှတ်ချက် ၉၁ ချက် ပါဝင်သည့် စံပြုဆန်းစစ်မူဘောင်အရ သုံးလတစ်ကြိမ် ဆန်းစစ်ခြင်းဖြစ်ကြောင်း၊ ယခုတစ်ကြိမ် စမ်းစစ်မှုတွင် အာရှဒေသ၌ အဆိုးရွားဆုံးကျဆင်းမှုအဖြစ် တရုတ်နိုင်ငံသည် အဆင့် ၁၁ ဆင့် ကျဆင်းခဲ့ကြောင်းရေးသားဖော်ပြထားပါသည်။ 

ကိုဗစ်-၁၉ ကန့်သတ်တားဆီးမှုများ ပယ်ဖျက်လိုက်ခြင်းသည် တရုတ်နိုင်ငံတွင်စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းများအတွက် အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်ဖြစ်သော်လည်း ဗဟိုထိန်းချုပ်မှုများသည့် စီးပွားရေးမူဝါဒနှင့်ဒေသတွင်း အသုံးစရိတ်မြင့်တက်လာမှုတို့သည့် တရုတ်နိုင်ငံ၏စီးပွားရေးဝန်းကျင်အတွက် ဖိအားဖြစ်စေသကဲ့သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အခွင့်အလမ်းများကို ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်

Category: China (HongKong)