Vietnam

ဗီယက်နမ်နိုင်ငံတွင် ပထမနှစ်ဝက်အတွင်း စီးပွားရေးလုပ်ငန်းအသစ် ၈၀,၀၀၀ ကျော် တည်ထောင်ဖွင့်လှစ်

Last Updated:

ဗီယက်နမ်နိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ စာရင်းဇယားများအရ ဇွန်လတွင် လုပ်ငန်းအသစ် ၈၀,၀၀၀ ခန့် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း မှတ်ပုံတင်ထားသော မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၁၄၃.၀၁ ထရီလီယံ (ဒေါ်လာ ၅.၆၁ ဘီလီယံ) ရှိကြောင်း သိရှိရပါသည်။

ကိန်းဂဏန်းများအရ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည့် လုပ်ငန်းအရေအတွက် ၁၃.၁ ရာခိုင်နှုန်းနှင့် မှတ်ပုံတင်ထားသော မတည်ရင်းနှီးငွေ ၃.၁ ရာခိုင်နှုန်း အသီးသီး တိုးလာခြင်း ဖြစ်သည်။

ယခုနှစ် ပထမခြောက်လအတွင်း အသစ်တည်ထောင်သည့် စီးပွားရေးလုပ်ငန်းစုစုပေါင်း ၈၀,၄၈၀ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆.၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ စုစုပေါင်း မှတ်ပုံတင် ထားသော ခန့်မှန်းမတည်ငွေရင်းမှာ ဗီယက်နမ်ဒေါင် ၇၄၄.၂၄ ထရီလီယံ (ဒေါ်လာ ၂၉.၂ ဘီလီယံ) ဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးလာပါသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် လုပ်ငန်းပေါင်း ၃၉,၁၃၀ ကျော် ပြန်လည်လည်ပတ်ခဲ့ပြီး လုပ်ငန်းပေါင်း ၁၁၀,၀၀၀ ကျော်သည် လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းခဲ့ကြောင်းနှင့် တစ်နှစ်ထက် တစ်နှစ် ၁၀.၃ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam