China (HongKong)

လာမည့် တရုတ်နှစ်သစ်တွင် ဟောင်ကောင်ဒေသ၏ ဈေးကွက်အခြေအနေ တိုးတက်မှုနှင့် တည်ငြိမ်မှုရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

လာမည့် တရုတ်နှစ်သစ်ဖြစ်သည့် နဂါးနှစ်တွင် ဟောင်ကောင်ဒေသ၏ ဈေးကွက် အခြေအနေတည်ငြိမ်ပြီး စီးပွားရေးတိုးတက်မှုရှိမည်ဟု မျှော်လင့်ကြောင်း ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး Paul Chan က ပြောကြားခဲ့ကြောင်း RTHK သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၄ ရက်နေ့တွင် “Year of the Dragon to bring stability, improve- ment: FS” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့နိုင်ငံများတွင် အတိုးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိနေပြီး ပြန်လည်ကျဆင်းလာရန် မျှော်လင့်နေသည့် အခြေအနေများကြောင့် asset market တွင် ရင်ဆိုင်နေရသည့် ဖိအားများ လျော့ကျနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှုအနေဖြင့် ၂၀၂၃ ခုနှစ် ဂျီဒီပီတိုးတက်မှုကို ၃.၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ပြောင်းလဲခန့်မှန်းချိန်တွင် ဒေသ၏ အလုပ်လက်မဲ့နှုန်းထားသည် ၃ ရာခိုင်နှုန်းအောက်တွင် ၇ လဆက်တိုက်ရပ်တည်နေပြီး ငွေကြေးဖောင်းပွမှုအနေဖြင့်လည်း အသင့်အတင့်သာရှိသောကြောင့် ဟောင်ကောင်ဒေသ၏ စီပွားရေးသည် လာမည့်နဂါးနှစ်အတွင်း ဈေးကွက်တည်ငြိမ်မှုရှိစေရန် အခြေအနေကောင်းတစ်ရပ်ဖြစ်စေသည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် နည်းပညာဆန်းသစ်တီထွင်မှုကို အသုံးပြု၍ ဟောင်ကောင်ဒေသ တိုးတက်မှုအတွက် အားဖြည့်သွားမည်ဖြစ်ပြီး၊ နယ်ပယ်စုံဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန်မြှင့်တင်နိုင်ရန် မဟာဗျူဟာများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အလားအလာသစ်များကိုလည်း ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဟောင်ကောင်ဒေသအား အပြည်ပြည်ဆိုင်ရာ Green technology and Green finance ဗဟိုဌာနတစ်ခုဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး the Climate Business Forum: Asia Pacific ကဲ့သို့သော ပွဲများကို စီစဉ်ကျင်းပသွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)