Vietnam

ဗီယက်နမ်နိုင်ငံ၏ ပြီးခဲ့သည့် အားလပ်ရက်အတွင်း ခရီးသွား ၈ သန်းကျော် လာရောက်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ခရီးသွားကဏ္ဍသည် ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက်အထိ (၅) ရက်တာ အားလပ်ရက်အတွင်း ခရီးသွား ၈ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြောင်း၊ တစ်နှစ်ထက် တစ်နှစ် ၁၄.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနအောက်ရှိ ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာလှည့်ခရီးသည်များအနက် ၃.၆ သန်းသည် ညအိပ်တည်းခိုကြပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တည်းခိုနေထိုင်မှုမှာ ၇၀ ရာခိုင်နှုန်းအထိရှိကြောင်းနှင့် ကမ်းရိုးတန်းဒေသများတွင် ၁၀၀ ရာခိုင်နှုန်းပင်ရှိကြောင်း ဖော်ပြထားပါသည်။

Sa Pa၊ Quảng Ninh၊ Thanh Hóa၊ Phú Yên၊ Nha Trang နှင့် Bà Rịa-Vũng Tàu ကဲ့သို့သော ရေပန်းစားသည့် ခရီးသွားနေရာများတွင် ပြီးခဲ့သည့်နှစ် အလားတူကာနှင့် နှိုင်းယှဉ်ပါက ခရီးသွားများ သိသိသာသာ တိုးလာခဲ့ကြောင်း တွေ့ရှိရပါသည်။

Thanh Hóa သည် လာရောက်လည်ပတ်သူ ၁.၅၂ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၇.၂ ရာခိုင်နှုန်း တိုးတက်ကာ ၀င်ငွေ ဗီယက်နမ်ဒေါင် ၃.၀၈၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၂ သန်း) ၊ ၎င်းနောက်တွင် Quảng Ninh နှင့် Khánh Hòa က ၁ သန်းနှင့် ဧည့်သည် ၉၇၀,၀၀၀ နီးပါး အသီးသီးရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

သို့သော်လည်း အချို့ဒေသများတွင် ပူပြင်းသော ရာသီဥတုကြောင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက လာရောက်လည်ပတ်သူ ကျဆင်းခဲ့သည့်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဒါနန်း၊ ဖူးကွပ်ခ်၊ ကွမ်နမ်နှင့် ကွမ်ဒိုကဲ့သို့သော နေရာများတွင် လေယာဉ်စရိတ်မြင့်မားမှုကြောင့် လာရောက် လည်ပတ်သူကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ခရီးသွားအေဂျင်စီများသည် ခရီးသွားများအတွက် ကုန်ကျစရိတ်လျှော့ချရန်အတွက် Shuttle Bus များ၊ ရထားများ၊ ကားများနှင့် ရေလမ်းခရီးသွားဝန်ဆောင်မှုများ စသည့်စရိတ်သက်သာသော ရွေးချယ်စရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam