USA

Microsoft ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံ၏ AI အခြေခံအဆောက်အအုံကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၁.၇) ဘီလီယံရင်းနှီးမြှုပ်နှံမည်

Last Updated:

Microsoft ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာခေါ် Artificial Intelligence (AI) အခြေခံအဆောက်အအုံများတွင် အမေရိကန်ဒေါ်လာ (၁.၇) ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၃၀-၄-၂၀၂၄ ရက်၌ “Microsoft to Invest $1.7 Billion in AI Infrastructure in Indonesia” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ AI Computing အသုံးပြုမှုတိုးတက်လာမည်ကို ရည်ရွယ်လျက် Microsoft ကုမ္ပဏီက လာမည့် (၄) နှစ်အတွင်း အမေရိကန်ဒေါ်လာ (၁.၇) ဘီလီယံကို  ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Microsoft ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Satya Nadella နှင့် အင်ဒိုနီးရှားသမ္မတ Mr. Joko Widodo တို့ တွေ့ဆုံစဉ် အရှေ့တောင်အာရှဒေသအတွင်း Microsoft ၏ ပထမဆုံး Data Center ကို အင်ဒိုနီးရှားနိုင်ငံ၌တည်ဆောက်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်း Data Center တည်ဆောက်နိုင်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ Cloud Computing Services အသုံးပြုမှုတိုးတက်နှုန်းကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို ပံ့ပိုးကူညီနိုင်မည့် AI Skills သင်တန်းများကို ဒေသတွင်းမှ လူဦးရေ (၂.၅) သန်းကို လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ Microsoft ကုမ္ပဏီ၏ ဆော့ဖ်ဝဲလ်ပလက်ဖောင်းတစ်ခုဖြစ်သည့် GitHub အသုံးပြုသူ Developer အရေအတွက် (၃.၁) သန်းရှိပြီး အာရှ-ပစိဖိတ်ဒေသတွင် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံပြီးနောက် တတိယအများဆုံး အသုံးပြုသည့်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် Public Generated AI projects သည် ၂၀၂၃ ခုနှစ်တွင် (၃) ဆခန့် တိုးလာခဲ့ကြောင်း၊ Microsoft ကုမ္ပဏီအနေဖြင့် အရှေ့တောင် အာရှဒေသတွင်းနိုင်ငံများတွင် အသုံးပြုလျက်ရှိကြသည့် Alphabet ၊ Amazon နှင့် Alibaba တို့နှင့်ယှဉ်ပြိုင်လျက်ရှိပြီး ၎င်း၏ AI Computing အသုံးပြုမှု တိုးလာသည်နှင့်အမျှ Cloud Service လည်းတိုးလာရန် မျှော်မှန်းထားကြောင်း၊ ယခင်သီတင်းပတ်အတွင်း ကုမ္ပဏီ၏ Azure Cloud Business အသုံး ပြုမှု (၃၁) ရာခိုင်နှုန်း တိုးမြင့်ခဲ့ခြင်းမှာ AI Services အသုံးပြုမှု (၇) ရာခိုင်နှုန်းသို့ တိုးမြင့်လာမှုကြောင့်ဖြစ်ကြောင်း၊ Data Center နှင့် အခြေခံအဆောက်အအုံများအပေါ် ကုမ္ပဏီ၏ အသုံး စရိတ်သည် ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ (၁၄) ဘီလီယံ ရှိခဲ့သဖြင့် ယခင်သုံးလပတ်ထက် အမေရိကန်ဒေါ်လာ (၁၁.၅) ဘီလီယံတိုးလာခဲ့ကြောင်း၊ Microsoft ကုမ္ပဏီ၏ Cloud Business ဝန်ဆောင်မှုအသုံးပြုသည့်ကုမ္ပဏီများတွင် နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Meta အပါအဝင် ChatGPT နှင့် အခြား Startup ကုမ္ပဏီများဖြစ်သည့် Mistral နှင့် Cohere တို့၏ ဆော့ဖ်ဝဲလ်များ ပါဝင်ကြောင်းသိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA