Thailand

ထိုင်းနိုင်ငံ၊ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက တောင်သူများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ပစ္စည်းများ ရောင်းချသည့်နေရာဖြစ်သော အလံပြာ (Thong Fah) လှုပ်ရှားမှု ဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ တောင်သူများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်စည်များကို ပြည်သူများသို့ စုပုံရောင်းချရန် နေရာများအဖြစ် ဈေးနည်းသည့် စတိုးဆိုင်များကို ဆောင်ရွက်စေခြင်းဖြင့် အလံပြာ (Thong Fah) လှုပ်ရှားမှုကို ထိုင်းနိုင်ငံ စာတိုက်လုပ်ငန်းနှင့် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စီမံချက်အရ တောင်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက ထုတ်လုပ်သော ကုန်စည်များကို စာတိုက်လုပ်ငန်းမှ စုစည်းပြီးနောက် ဝယ်ယူသူများထံ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ စာတိုက်လုပ်ငန်းမှ လွယ်လွယ်ကူကူ ကောက်ယူနိုင်ရေးအတွက် Thong Fah အဖြစ် ဆောင်ရွက်ရန် နေရာဒေသအားဖြင့် သင့်လျော်သည့် စတိုးဆိုင်များကို သတ်မှတ်လျက်ရှိပါကြောင်း၊ စီမံချက်အသေး စိတ်သည် အပြီးသတ်တော့မည်ဖြစ်ပြီး မကြာမီစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူး Mr. Wattanasak Sur-iam ၏ ပြောကြားချက်အရ သိရှိရသည်။

နိုင်ငံနှင့်အဝှမ်းတွင် Thong Fah ဈေးဆိုင် ၁၄၀,၀၀၀ ခန့်ရှိကြောင်း၊ စီမံချက်၏ အကျိုးကျေးဇူးများမှာ လယ်သမားအတွက် အဆင်ပြေသကဲ့သို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း အွန်လိုင်းကုန်သွယ်မှုဖြစ်စေပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ၎င်းတို့ပစ္စည်းများကို Thong Fah စတိုးဆိုင်များတွင် စာတိုက်ရုံးမှတစ်ဆင့် ပေးပို့သည့် ကုန်ကျစရိတ်အတိုင်း ပေးပို့ရောင်းချနိုင်ကြောင်း၊ စီမံချက်အရ နယ်ဝေးမှာနေထိုင်သော ထုတ်လုပ်သူများသည် စာတိုက်ရုံးသို့ ကိုယ်တိုင်သွားရောက်ရန် မလိုအပ်ပါကြောင်း၊ Thong Fah စတိုးဆိုင်များ အနေဖြင့် ၎င်းတို့ပေးသော ဝန်ဆောင်မှုများအတွက် အပိုဝင်ငွေရရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ စာတိုက်လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ မူဝါဒဖြစ်သော ကုန်ကျစရိတ် လျှော့ချခြင်း၊ ဝင်ငွေတိုးမြှင့်ခြင်းနှင့် Thong Fah စတိုးဆိုင်များ၏ အခွင့်အလမ်းများ ချဲ့ထွင်ခြင်းတို့အပြင် တောင်သူများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းနေရာသစ်များ ရှာဖွေပေးခြင်းဖြစ် ကြောင်း သိရှိရပါသည်။

တောင်သူများ၏ ဝင်ငွေတိုးမြှင့်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေပေးနိုင်ရေးအတွက် ဝန်ကြီးဌာန၏ ချမှတ်ထားသည့် မူဝါဒအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand