USA

အမေရိကန်နိုင်ငံ၏ မော်တော်ယာဉ်ရောင်းအား ၂၀၂၃ ခုနှစ်တွင် ကျဆင်းခဲ့

Last Updated:

 အမေရိကန်နိုင်ငံ၏ မော်တော်ယာဉ်ရောင်းအား ၂၀၂၃ ခုနှစ်တွင် ကျဆင်းခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၃-၁-၂၀၂၄ ရက်နေ့တွင် “U.S. Auto Sales Bounced Back in 2023” ခေါင်းစဉ် ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် မော်တော်ယာဉ်အသစ်ရောင်းအားသည် (၁၅.၅) သန်း ခန့်ရှိမည်ဖြစ်ကာ  ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၁၃) ရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း၊ General Motors ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်တွင် မော်တော်ယာဉ်စီးရေ (၂.၆)သန်းရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် ကဲ့သို့ပင် တစ်နိုင်ငံလုံး ရောင်းအားအများဆုံးအဖြစ် ရပ်တည်ခဲ့လျက်ရှိကာ ၂၀၂၃ ခုနှစ်တွင် (၁၄) ရာခိုင်နှုန်းအထိ ရောင်းအားတက်လာခဲ့ကြောင်း၊ Toyota Motor ၏ အမေရိကန်နိုင်ငံရှိ မော်တော်ယာဉ် ရောင်းအားမှာ ၂၀၂၃ ခုနှစ်တွင် စီးရေ(၂.၃) သန်းခန့်ရှိပြီး ရောင်းအား (၇) ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံရှိ မော်တော်ယာဉ်ရောင်းအားသည် ကုမ္ပဏီရောင်းအား စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း၊ အမေရိကန်နိုင်ငံသားများ Hyundai Motor ဝယ်လိုအားမှာ ပုံမှန်တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်သည် ရောင်းအားအကောင်းဆုံးနှစ်ဖြစ်ကာ မော်တော်ယာဉ် ရောင်းအား (၁၁) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။ Ford Motor ၏ ၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်ရောင်းအားစာရင်းကို ၄-၁-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်းသိရှိရပါသည်။

မော်တော်ယာဉ်ဈေးကွက် စောင့်ကြည့်လေ့လာသူများ၏ ၂၀၂၃ ခုနှစ်အတွက် ခန့်မှန်းချက်အရ Hyundai သည် Chrysler မော်တော်ယာဉ်၏မိခင်ကုမ္ပဏီဖြစ်သော Stellantis ကိုကျော်လွန်လျက်  General Motor ၊ Toyota နှင့် Ford ပြီးနောက် အမေရိကန်၏ စတုတ္ထမြောက် အရောင်းရဆုံး မော်တော်ယာဉ်ကုမ္ပဏီဖြစ်လာပါကြောင်း၊ Honda Motor သည်လည်း တစ်နှစ်ထက်တစ်နှစ် ရောင်းအား  မြင့်တက်လာခဲ့သည်ဟု မော်တော်ယာဉ်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သော Cox Automotive က ပြောကြားခဲ့ပါကြောင်း၊ Jeep ၊ Ram နှင့် အခြားမော်တော်ယာဉ် အမှတ်တံဆိပ်များစွာပိုင်ဆိုင်သော Stellantis ကုမ္ပဏီသည် မော်တော်ယာဉ်ရောင်းအား (၂) ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း၊ Cox Automotive ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် မော်တော်ယာဉ်ရောင်း အား (၁၅.၆) သန်းရှိနိုင်ကြောင်းဖော်ပြထားပါသည်။ အခြားတစ်ဘက်တွင် မော်တော်ယာဉ် အရောင်းဈေးကွက် စောင့်ကြည့်လေ့လာသူများက ၂၀၂၄ ခုနှစ်တွင် မော်တော်ယာဉ်ရောင်းအား ကျဆင်းနိုင်သဖြင့် အမေရိကန်မော်တော်ယာဉ် ထုတ်လုပ်သူများသည် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ်၏ လျှပ်စစ်မော်တော်ယာဉ်ရောင်းအားသည် တိုးတက်လာခဲ့သော်လည်း ရောင်းအားတိုးနှုန်းသည် ၂၀၂၂ ခုနှစ်မှစတင်၍ ကျဆင်းခဲ့ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုများလည်း ကျဆင်းခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားရသည့်အကြောင်းအရင်းမှာ အများပြည်သူ လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားသွင်းရုံများနည်းပါးခြင်းကြောင်းဖြစ်ပြီး ဝယ်သူများအနေဖြင့်လည်း ဓာတ်ဆီသုံး မော်တော်ယာဉ်မှ လျှပ်စစ်မော်တော်ယာဉ်များကို ပြောင်းလဲအသုံးပြုရန် တုံ့ဆိုင်းလျက်ရှိပါကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍတွင် ဦးဆောင်လျက်ရှိသည့် Tesla ၏ ထုတ်ပြန် ချက်အရ ၂၀၂၃ ခုနှစ်၏ ကမ္ဘာတစ်ဝှမ်းရှိရောင်းအားမှာ မော်တော်ယာဉ်စီးရေ(၁.၈၁) သန်း ရှိခဲ့သော်လည်း ရောင်းအားတိုးနှုန်းသည် ၂၀၂၂ ခုနှစ်တိုးနှုန်းအောက်ကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် စတုတ္ထလေးလပတ်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီ BYD သည် Tesla ကို ကျော်တက်ကာ ကမ္ဘာ့ရောင်းအား အကောင်းဆုံး လျှပ်စစ်မော်တော်ယာဉ် ကုမ္ပဏီဖြစ်လာ ခဲ့ကြောင်း၊ Rivian Automotive သည် ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်မော်တော်ယာဉ် စီးရေ (၅၀,၁၂၂) စီး ထုတ်လုပ်ဖြန့်ဖြူးခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ကုမ္ပဏီ၏ရောင်းအားသည် စတုတ္ထသုံးလပတ်တွင် တတိယသုံးလပတ်အောက် (၁၀) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရှိရပါသည်။ သမ္မတဂျိုးဘိုင်ဒင် အစိုးရက  အမေရိကန်ဒေါ်လာ (၇၅,၀၀) Tax Credit အတွက် မော်တော်ယာဉ်အမျိုးအစား သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဝယ်ယူသူများကို အခက်အခဲများကြုံတွေ့စေကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံအပါအဝင် သတိပြု စောင့်ကြည့်ရသည့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု (a foreign entity of concern) မှ တင်သွင်းသည့် ဘတ္တရီအစိတ်အပိုင်းများဖြင့် ထုတ်လုပ်သော လျှပ်စစ်မော်တော်ယာဉ်များမှာ အဆိုပါ Tax Credit တွင် အကျုံးဝင်မည်မဟုတ်တော့သဖြင့် နာမည်ကြီးလျှပ်စစ်မော်တော်ယာဉ် တံဆိပ်များဖြစ်သည့် Ford ၏ Mustang Mach-E နှင့် Tesla ၏ မော်ဒယ်အချို့မှာ ၂၀၂၄ ခုနှစ်တွင် Tax Credit မရနိုင်တော့ဟု သိရှိရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA