USA

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွက် အမေရိကန်နိုင်ငံ၏ နိုင်ငံတကာကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေး အချက်အလက်များ ထုတ်ပြန်

Last Updated:

အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေး အချက်အလက် များကို ၆-၉-၂၀၂၃ ရက်နေ့ စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (Bureau of Economic Analysis) ၏ ဝက်ဘ်ဆိုက်တွင် “U.S International Trade in Goods and Services, July 2023” ခေါင်းစဉ်ဖြင့် ထုတ်ပြန် ဖော်ပြထားရှိပါသည်။

အဆိုပါဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း အမေရိကန်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၆၅.၀) ဘီလီယံရှိပြီး ဇွန်လတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၆၃.၇)ဘီလီယံ [ ဩဂုတ်လထုတ်ပြန်ချက်အရ ဇွန်လ၏ ကုန်သွယ်မှုလိုငွေ (၆၅.၅) ဘီလီယံရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ပြင်ဆင်ပြီးအမှန်ပမာဏမှာ အမေရိကန်ဒေါ်လာ (၆၃.၇) ဘီလီယံဖြစ်ပါသည်။] ရှိသဖြင့်  ဇူလိုင်လတွင်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ(၁.၃) ဘီလီယံအထိ မြင့်တက်လာခဲ့ပါကြောင်း၊     အမေရိကန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ (၂၅၁.၇) ဘီလီယံရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃၁၆.၇) ဘီလီယံ ရှိသဖြင့် ဇွန်လ၏ ပို့ကုန်တန်ဖိုးအောက် အမေရိကန်ဒေါ်လာ (၆၅) ဘီလီယံလျော့နည်းခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ဇူလိုင်လအတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၅၁.၇) ဘီလီယံ ရှိပြီး ဇွန်လပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ(၃.၉) ဘီလီယံနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၃၁၆.၇) ဘီလီယံရှိသဖြင့် ဇွန်လ၏ သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ (၅.၂) ဘီလီယံ တိုးလာခဲ့ပါသည်။ ဇူလိုင်လအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေမှာ ကုန်စည် ကုန်သွယ်မှုကဏ္ဍတွင်လိုငွေ အမေရိကန်ဒေါ်လာ (၂.၀)ဘီလီယံ မှ ဘီလီယံ(၉၀.၀)အထိ တိုးလာခဲ့ သော်လည်း ဝန်ဆောင်မှုကဏ္ဍတွင်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၀.၇) ဘီလီယံမှ (၂၅.၀) ဘီလီယံအထိရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ဇွန်လအတွင်းကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ (၁၂၈.၃) ဘီလီယံ (သို့မဟုတ်) (၂၁.၄) ရာခိုင်နှုန်းလျော့ကျခဲ့ပြီး အမေရိကန်၏ပို့ကုန် (၁.၆) ရာခိုင်နှုန်းတိုးလာခဲ့ကာ သွင်းကုန်(၄.၃) ရာခိုင်နှုန်းအထိ လျှော့ကျသွားခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုစာရင်းများအရ အမေရိကန်နိုင်ငံ၏ ပြည်ပ ကုန်သွယ်ရေးကဏ္ဍတွင် ကုန်သွယ်မှုပိုငွေပြခဲ့သည့် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

နိုင်ငံ/ ဒေသအမည်

ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်)

(က)

နယ်သာလန်

၄.၅

(ခ)

တောင်နှင့်အလယ်ပိုင်းအမေရိက နိုင်ငံများ

၄.၁

(ဂ)

ဟောင်ကောင်

၁.၅

(ဃ)

ဘယ်လ်ဂျီယံ

၁.၅

(င)

ဩစတြေးလျ

၁.၅

(စ)

ဗြိတိန်

၀.၅

(ဆ)

ဘရာဇီးလ်

၀.၃

(ဇ)

စင်ကာပူ

၀.၂

          ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုစာရင်းများအရ အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေပြခဲ့သည့် နိုင်ငံများမှာ တစ်ဖက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

နိုင်ငံ/ ဒေသအမည်

ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်)

(က)

တရုတ်

၂၄.၀

(ခ)

ဥရောပသမဂ္ဂ

၁၇.၃

(ဂ)

မက္ကဆီကို

၁၂.၈

(ဃ)

ဗီယက်နမ်

၉.၃

(င)

ဂျာမနီ

၇.၂

(စ)

အိုင်ယာလန်

၆.၅

(ဆ)

ဂျပန်

၅.၉

(ဇ)

တောင်ကိုရီးယား

၅.၃

(ဈ)

အီတလီ

၄.၁

(ည)

ကနေဒါ

၄.၀

(ဋ)

ထိုင်ဝမ်

၃.၉

(ဌ)

အိန္ဒိယ

၃.၀

(ဍ)

မလေးရှား

၂.၄

(ဎ)

ဆွစ်ဇာလန်

၁.၉

(ဏ)

အစ္စရေး

၀.၈

(တ)

ပြင်သစ်

၀.၄

(ထ)

ဆော်ဒီအာရေဗျ

၀.၂

 ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှု ပို့ကုန်များတွင် လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ (Industrial Supplies and materials)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ၊ လူသုံးကုန်ပစ္စည်းများ (Consumer goods)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၀.၁) ဘီလီယံခန့် နှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ (Capital goods)များဖြစ်သည့် Automotive vehicles, parts and engines ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၁.၇) ဘီလီယံ၊ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ခရီးသွားလာရေး (Travel) နှင့် ပို့ဆောင်ရေးကဏ္ဍ(Transport)တို့၌ အမေရိကန်ဒေါ်လာ (၀.၇) ဘီလီယံ အသီးသီးတိုးလာခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းကုန်စည်နှင့်ဝန်ဆောင်မှုသွင်းကုန်များတွင် လူသုံးကုန်ပစ္စည်း များ (Consumer goods) ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၂.၆) ဘီလီယံ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ (Capital goods)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၂.၂) ဘီလီယံတိုးလာခဲ့ပြီး  လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ (Industrial Supplies and materials) တွင် အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံအထိ သွင်းကုန်တန်ဖိုးကျဆင်းခဲ့ကာ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ခရီးသွားလာရေး (Travel) နှင့် ပို့ဆောင်ရေးကဏ္ဍ(Transport)တို့၌ အမေရိကန်ဒေါ်လာ (၀.၁) ဘီလီယံ မှ အမေရိကန်ဒေါ်လာ (၅၈.၄) ဘီလီယံအထိ ကျဆင်းခဲ့ပါသည်။

         

 

 (စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA