China (HongKong)

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဟောင်ကောင်အစိုးရ ဘတ်ဂျက်လိုငွေ ၁၇၇.၇ ဘီလီယံရှိခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း အစိုးရအသုံးစရိတ် ဟောင်ကောင်ဒေါ်လာ ၃၅၅.၆ ဘီလီယံရှိပြီး အခွန်အကောက်ရငွေမှာ ၁၃၁.၃ ဘီလီယံသာရှိခဲ့သဖြင့်၊ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဟောင်ကောင်အစိုးရ၏ ဘတ်ဂျတ်လိုငွေ ၁၇၇.၇ ဘီလီယံရှိခဲ့ကြောင်း ဒေသအစိုးရမှ ထုတ်ပြန်ကြေညာခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် Hong Kong Business သတင်းဌာနမှ “Government logs $177.7b deficit in H1” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် စီမံကိန်းများအတွက် ငွေချေးစာချုပ်များ ရောင်းချမှုမှရရှိငွေများကို ထည့်သွင်းတွက်ချက်ပြီးနောက် အဆိုပါ ဘတ်ဂျတ်လိုငွေပြမှု ပမာဏရရှိခြင်းဖြစ်ကြောင်းနှင့် လက်ရှိလိုငွေပြရခြင်း၏ အဓိကအကြောင်းရင်းမှာ လစာနှင့် အမြတ်ငွေတို့မှ ကောက်ခံရရှိမည့် အခွန်များကဲ့သို့သော အဓိက အခွန်အကောက် အမျိုးအစားအချို့မှာ ဘဏ္ဍာနှစ်ကုန်မှသာ ကောက်ခံရရှိမည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။ ဟောင်ကောင်ဒေသအစိုးရ၏ အရန်ငွေကြေးမှာ စက်တင်ဘာလကုန်တွင် ဟောင်ကောင်ဒေါ်လာ ၆၅၇.၁ ဘီလီယံရှိနေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)